ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ မြို့နယ်တာဝန်ခံဦးဘိုဘိုသည် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် အမှတ်(၃)ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံက စားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဆေးဝါးများသည် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီခြင်း၊ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ တရားမဝင်ဆေးဝါးများ တင်သွင်းရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင် ရွက်ရန်၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရန်နှင့် သတ်မှတ်အရည် အသွေးပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ၊တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန်စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့၍ ဆေးဆိုင်(၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)