နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း နွေစပါးနှင့် ပဲတီစိမ်းစိုက်ပျိုးပြီးစီးမှုအခြေအနေ

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ နိုင်ငံ၏စီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုသော မူဝါဒနှင့်အညီ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ် မှုဖွံ့ဖြိုးတိုးတက်၍ တစ်ဦးချင်းဝင်ငွေတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်ကာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နွေစပါးသီးနှံဧက (၄၀၆၀၀၀) ဧက၊ ကျပ်ငွေ (၂)သိန်းနှင့် ညီမျှသော ယူရီးယားဓါတ်မြေဩဇာ(၂)အိတ်အားလည်းကောင်း၊ ဆောင်းပဲတီစိမ်းစိုက်ဧက (၁၅၀၀၀၀) ဧကအား တစ်ဧကလျှင် ငွေကျပ် (၁၂၀၀၀၀)ကျပ်နှင့် ညီမျှသော ရွက်ဖျန်းပိုးသတ်ဆေးများအား ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။

    ထို့ကြောင့် စီမံကိန်း၌ပါဝင်သော တောင်သူအစုအဖွဲ့အားလုံးအတွက် သွင်းအားစုများကို ထည့်သွင်း အသုံးပြုရန် စီမံပေးခြင်းဖြစ်၍ တစ်ဧကအထွက်နှုန်းများ တိုးတက်လာစေခြင်း၊ ဈေးနှုန်းဈေးကွက်သေချာခြင်း၊ တောင်သူများဝင်ငွေပိုမိုရရှိသဖြင့်  နိုင်ငံစီးပွားတိုးတက်မြင့်မားလာခြင်း၊ တောင်သူများအားလုံး အကျိုးအမြတ်ပိုမိုရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာ၍ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပြည်ပဈေးကွက်သို့ ပိုမိုချိတ်ဆက်မှုရရှိစေခြင်းနှင့် ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိလာစေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိခံစားစေမည်လည်းဖြစ်ပါသည်။

   ယခုအခါ ဧရာဝတီတိုင်းတွင် နွေစပါးလျာထားဧက (၄၀၆၀၀၀)ဧကအနက် ယခုအချိန်ထိ (၃၇၀၈၀) ဧကအား (၉၁.၃၃ )ရာခိုင်နှုန်း၊ ပဲတီစိမ်းစိုက်ဧက(၁၅၀၀၀၀)ဧကအား (၁၀၉၂၂၇)ဧက (၇၂.၈၂)ရာခိုင်နှုန်း စိုက်ပျိုးထားပြီး၊ ကျန်ဧကများကိုလည်း လျာထားချက်ပြည့်မီအောင် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အတိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မှုသာမက စားနပ်ရိက္ခာဖူလုံရေးအတွက်ပါ ဖော်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)