ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ၂၀၂၃ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့မှ ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပြင်ဦးလွင်ထွက် စတော်ဘယ်ရီ အလုံးကြီးတစ်ခြင်း ၅ ပိဿာပါ ကျပ် ၂၈၀၀၀ ၊ စတော်ဘယ်ရီ အလုံးကြီး တစ်ဗူး ၁၈ ကျပ်သားပါ ကျပ် ၁၂၀၀၊ တွံတေး၊ ပန်းတိုင် (လှိုင်သာယာ)မှ သခမသီး အလုံးကြီးတစ်ခြင်း အလုံး ၂၅ မှ ၃၅ ပါကျပ် ၁၈၀၀၀၊ အလုံးလတ် အလုံး ၄၀ မှ ၄၅ ပါကျပ် ၁၇၀၀၀၊ အလုံးသေး အလုံး ၆၀ မှ ၉၀ ပါကျပ် ၁၅၀၀၀၊ သီပေါထွက် နာနတ်သီး အလုံးကြီး ကျပ် ၁၂၀၀ ၊ အလုံးလတ် ကျပ် ၁၀၀၀ ၊ အလုံးသေး ကျပ် ၈၀၀ ၊ မှော်ဘီ၊ တိုက်ကြီးထွက် မာလကာသီး အလုံးကြီး ကျပ် ၆၀၀၊ အလုံးလတ် ကျပ် ၅၀၀ မှ ၄၀၀၊ အလုံးသေး ကျပ် ၃၀၀၊ မြစ်သားထွက်ပဲမြစ် တစ်ပိဿာ အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ ၊ အလုံးသေး ကျပ် ၁၅၀၀၊ ပဲခူး (ဘုရားကြီး) မှ စိမ်းစားဥ အလုံးကြီး ၁ တွဲ ကျပ် ၇၀၀၊ အလုံးလတ် ကျပ် ၆၀၀ ၊ မော်လမြိုင်ထွက်ကျွဲကောသီး အလုံးကြီး ကျပ် ၂၅၀၀ မှ ၁၅၀၀၊ အလုံးလတ် ကျပ် ၁၂၀၀ မှ ၁၀၀၀ ၊ အလုံးသေး ကျပ် ၈၀၀ မှ ၅၀၀ ၊ အင်းမ၊ ခရမ်းထွက် ဖရဲသီး (855) အလုံးကြီး ကျပ် ၁၃၅၀၀ ၊ အလုံးလတ် ကျပ် ၁၀၀၀၀ ၊ အလုံး သေး ကျပ် ၉၀၀၀ မှ ၇၀၀၀ ၊ ခရမ်း၊ ရေကြည်ထွက် ဖရဲသီး (211) အလုံးကြီး ကျပ် ၄၈၀၀၊ အလုံးလတ် ကျပ် ၃၅၀၀ ၊ အလုံးသေး ကျပ် ၂၅၀၀ မှ ၁၅၀၀၊ ဆင်ဖြူကျွန်းထွက် ဇီးသီး (စလေ) အလုံးကြီးတစ်ခြင်း ၈ ပြည်ပါကျပ် ၁၁၀၀၀၊ ၊ ပြည်ထွက် ဇီးသီး (အချဉ်) အလုံးကြီးတစ်ခြင်း ၁၃ ပြည်ပါကျပ် ၁၃၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။
DOCA(ရန်ကုန်)