ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် အလန်းကျေးရွာရှိ ငါးပိ၊ ငါးခြောက်လုပ်ငန်းသို့ (၁၇.၂.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် SMEလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မြို့နယ်ဦးစီးမှုနှင့်အဖွဲ့သည်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ငါးပိ၊ ငါးခြောက်လုပ်ကိုင်နေသော အလန်းကျေးရွာရှိ လုပ်ငန်းရှင်ဦးလှမြင့်၏ ငါးပိ၊ ငါးခြောက်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီးနောက် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် (၁၁)ချက်၊ စားသုံးသူ၏အခွင့်အရေးများနှင့် ငါးပိ၊ ငါးခြောက်လုပ်ငန်း ဈေးကွက်ယှဉ်ပြိုင်ရောင်းချရာတွင် သဘာဝ ငါးပိ၊ ငါးခြောက်လုပ်ငန်းဖြင့် ဈေးကွက်ရရှိအောင် ကြိုးစားဆောင်ရွက်နိုင်မည့် နည်းလမ်းကောင်းများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)