မင်းဘူးမြို့မဈေး၌ ရောင်းချလျက်ရှိသောရေထွက်ကုန်ပစ္စည်းများအနေဖြင့် ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ငါးကြင်းဖြူ(၁)ပိဿာလျှင် ကျပ်(၁၆၅၀၀)၊ ငါးတံခွန်ခြောက်(၁)ပိဿာလျှင် ကျပ် (၁၃၀၀၀ မှ ၁၅၀၀၀)၊ ငါးသေတ္တာခြောက်(၁)ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ ငါးနီတူ(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀ မှ ၁၁၀၀၀)၊ ငါးပုတ်သင် ကြီး/သေး(၁)ပိဿာလျှင် ကျပ် (၁၄၀၀၀ မှ ၁၂၀၀၀)၊ ငါးကွင်းရှပ်(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀ မှ ၁၂၀၀၀)၊ ငါးရောင်ခြောက်(၁)ပိဿာလျှင် ကျပ် (၂၉၀၀၀)၊ ငါးရံ့ခြောက်ပြား(၁)ပိဿာလျှင် ကျပ်(၅၈၀၀၀ မှ ၅၅၀၀၀)၊ အာဗြဲခြောက်(၁)ပိဿာ လျှင် ကျပ်(၂၈၀၀၀/၂၂၀၀၀)၊ ပုစွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၄၅၀၀၀ မှ ၅၈၀၀၀)အထိဖြစ်ကြောင်းနှင့် ပုစွန်ခြောက်သည် ဆား အပေါ့/အငန်အပေါ်မူတည်၍ ဈေးနှုန်းကွာခြားရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ပုစွန်ခြောက်များကို ရခိုင်ပြည်မှဝယ်ယူ၍ ငါးခြောက်များကို ရန်ကုန် ဘုရင်နောင့်ပွဲရုံနှင့် ရခိုင်ပြည်နယ်တို့မှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ကွင်းဆင်းမေးမြန်းမှုအရ သိရှိရပါသည်။
DOCA(မကွေး)