မြင်းခြံခရိုင်တွင် ဆောင်းကြက်သွန်နီ(ခေါ်)ပင်လေးနွေကြက်သွန်နီကို နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင် စတင်စိုက်ပျိုးလေ့ရှိသဖြင့် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတို့တွင် ထွက်ပေါ်လေ့ရှိပါသည်။ မြင်းခြံမြို့နယ်အတွင်းရှိ ကန်ဆင့်၊ ဗလုံ၊ လက်ဝဲ၊ သမုန်းကိုင်း စသည့်ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ဆောင်းကြက်သွန်နီများကို ယခုဖေဖော်ဝါရီလ(တတိယပတ်)တွင် ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်ခဲ့ပြီးဖြစ်ပါသည်။
ယခင်နှစ်ကာလ ကာလတူဆောင်းကြက်သွန်နီဈေးနှုန်းများအနေဖြင့် အကြီးတစ်ပိဿာလျှင် (၇၀၀/၈၀၀)ကျပ်၊ အလတ်တစ်ပိဿာလျှင်(၅၀၀/၆၀၀)ကျပ်၊ အသေးတစ်ပိဿာလျှင်(၃၀၀/၄၀၀) ကျပ်များရှိခဲ့ပြီး ယခုထွက်ရှိသော ဆောင်းကြက်သွန်နီဈေးနှုန်းများမှာ အသေးတစ်ပိဿာလျှင် (၄၀၀)ကျပ် မှ (၅၀၀)ကျပ် ရှိပြီး၊ အလတ်တစ်ပိဿာလျှင်(၆၅၀)ကျပ်မှ(၇၅၀)ကျပ်၊ အကြီး တစ်ပိဿာလျှင် (၉၀၀)ကျပ်မှ (၁၁၀၀)ကျပ်များဖြင့် ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာပြီး ယခင် နှစ်နှင့်ကာလတူဈေးနှုန်း နှိုင်းယှဉ်လျှင် ယခုနှစ်တွင်တစ်ပိဿာလျှင် (၂၀၀/၃၀၀)ကျပ်ဝန်းကျင် ဈေးပိုမိုရရှိပြီး အထွက်နှုန်းမှာ လည်းပိုမိုထွက်ရှိကြောင်း၊ ကုန်ချိန်ဝင်ရောက်မှုအနေဖြင့် နေ့စဉ်ပိဿာချိန်(၂၅၀၀) ကျော် ဈေးကွက်သို့ဝင်ရောက်နေပြီဖြစ်ပါကြောင်းနှင့်ဆောင်းကြက်သွန်နီသီးနှံသည် တူးဖော်ပြီး၊ နုတ်ပြီးကာစတွင် အစိုဓာတ်များပြီး ပေါ်ဦးပေါ်ဖျား ဖြစ်သောကြောင့် မိုးကြက်သွန်နီဈေးနှုန်းနှင့်ကွာခြားမှုမရှိကြောင်း ကြက်သွန်ပွဲစားတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)