မြင်းခြံမြို့နယ်တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းများ

Powered by Drupal

           မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ် အေးမြသီတာဈေးအတွင်း ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီလ တတိယပတ် အတွင်းဖြစ်ပေါ်ခဲ့သောအခြေခံစားကုန်များ၏ လက်လီဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း(ဟောင်း) တစ်ပြည်လျှင်(၃၈၀၀)ကျပ်၊ (အသစ်)တစ်ပြည်လျှင်(၃၂၀၀)ကျပ်၊ မဂျမ်းတော(ဟောင်း)တစ်ပြည် လျှင်(၃၆၀၀)ကျပ်၊ (အသစ်)တစ်ပြည်လျှင်(၃၁၀၀)ကျပ်၊ ပုသိမ်ပေါ်ဆန်း(ဟောင်း)တစ်ပြည်လျှင် (၃၃၀၀)ကျပ်၊ မနောသုခတစ်ပြည်လျှင်(၂၄၀၀)ကျပ်၊ ကုလားပဲခြမ်းတစ်ပြည်လျှင်(၅၂၀၀)ကျပ်၊ ပဲနီပြားတစ်ပြည်လျှင်(၄၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၂၀၀/၂၅၀)ကျပ်၊ ဘဲဥတစ်လုံးလျှင်(၃၀၀/ ၃၅၀)ကျပ်၊ သားငါးဈေးများအနေဖြင့် ငါးကြင်းရွှေဝါတစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ငါးခူတစ်ပိဿာလျှင်(၆၀၀၀/၉၀၀၀)ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင်(၆၀၀၀) ကျပ်၊ ရေချိုပုစွန်တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ ကြက်သား(CP)အကောင်လိုက်တစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ ရင်ပုံသားတစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ပေါင်သားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဗမာကြက်တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၁၃၀၀၀/ ၁၅၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၁၂၀၀၀/၁၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်များဖြင့် အရောင်းအဝယ်နေကြကြောင်းသိရှိရပါသည်။

          မိုးကြက်သွန်နီလက်လီဈေးနှုန်းများအနေဖြင့် အကြီးတစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ အလတ်တစ်ပိဿာလျှင်(၁၃၀၀)ကျပ်၊ အသေးတစ်ပိဿာလျှင်(၈၀၀/၁၀၀၀)ကျပ်၊ ကြက်သွန်ဖြူလက်လီတစ်ပိဿာဈေးနှုန်းများမှာ(ဗမာ)တစ်ပိဿာလျှင်(၄၀၀၀/၄၅၀၀)ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် (၅၀၀၀/၅၅၀၀)ကျပ်၊ ရှမ်းကြက်သွန်ဖြူတစ်ပိဿာလျှင်(၄၅၀၀/၅၀၀၀)ကျပ်၊ ချင်းတစ်ပိဿာလျှင် (၁၂၀၀/၁၅၀၀)ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင်(၁၆၀၀၀/ ၁၈၀၀၀)ကျပ်၊ အာလူးတစ်ပိဿာ လျှင်(၂၅၀၀/၃၀၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင်(၁၀၀၀/၁၈၀၀)ကျပ်၊ စားသုံးဆီဈေးနှုန်းများအနေဖြင့် ပဲဆီသန့်တစ်ပိဿာလျှင်(၁၁၀၀၀/၁၂၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင်(၁၁၀၀၀) ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင်(၆၈၀၀)ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)