ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

          ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဖေ‌ဖော်ဝါရီလ ‌တတိယပတ်တွင် စပါးဈေးနှုန်းနှင့်  ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၅၁၇၄၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်းအိတ်ရေ ၁၂၃၃၄၀၊ တန်အားဖြင့် ၆၁၆၇တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၁၇၂၀၊ နေပြည်တော်သို့ အိတ်ရေ၁၂၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၁၀၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၆၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၂၄၃၂၀၊ တန်အားဖြင့် ၆၂၁၆တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၉၈၀၊ တန်အားဖြင့် ၄၉တန် ပို၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဖေဖော်ဝါရီလ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများ မှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၀၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၄၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၅၀၀၀၊ ရွှေဘိုပေါ်ဆန်းစပါး(သစ်) တင်း၁၀၀လျှင် ကျပ် ၂၁၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၀၀၀၀ ၊ ဧရာမင်း စပါး (သစ်) တင်း၁၀၀လျှင် ကျပ် ၁၅၀၀၀၀၀၊ ဧရာမင်းဆန် (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)