ပခုက္ကူခရိုင်အတွင်းရှိ မြစ်ခြေ၊ ကံမနယ်များသည် ဆီးသီးအစို/အခြောက် အများဆုံးထွက်ရှိသောနယ်များဖြစ်ပြီး ပခုက္ကူမြို့ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိရာ ယခုဖေဖေါ်ဝါရီလ၊ ယခုအချိန်တွင် ဆီးသီးအစိုတစ်တင်းလျှင်း ကျပ်(၇၀၀ဝ)၊ ဆီးသီးအခြောက်တစ်တင်းလျှင်း ကျပ်(၁၂၀၀ဝ)၊ ဆီးဆ တစ်ပိဿာလျှင် ကျပ်(၅၀၀၀ဝ)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ဖေဖေါ်ဝါရီလဆန်းပိုင်းက ဆီးသီးအစိုတစ်တင်းမှာ ကျပ်(၈၀၀၀)၊ ဆီးသီးအခြောက်တစ်တင်းမှာ ကျပ်(၁၃၀၀၀)၊ ဆီးဆံတစ်ပိဿာဈေးနှုန်းမှာ ကျပ်(၅၅၀၀၀) ဖြစ်ခဲ့၍ ပထမပတ်ဈေးနှုန်းထက် အနည်းငယ်ကျခဲ့ခြင်းမှာ တရုတ်ပြည်မှ အဝယ်လိုက်လာ၍ ရောင်းလိုအားများပြားလာခြင်းကြောင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်း၊ ရောင်းဝယ်မှုအနေဖြင့် တစ်ရက်လျှင် ပျမ်းမျှတင်းရေ(၉၀)မှ တင်းရေ (၁၀၀)အထိ နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်းနှင့် ကြိတ်ခွဲပြီးသေား ဆီးဆံများကို မန္တလေးမြို့သို့ တင်ပို့ရောင်းချခဲ့ကြောင်း ဆီးသီးဝယ်ယူသူ ဦးအောင်ဇော်သင်းထံမှ သိရှိရပါသည်။
DOCA(မကွေး)