လွိုင်ကော်မြို့ ဓာတ်မြေဩဇာဈေးနှုန်းအခြေအနေ

Powered by Drupal

     ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်းဖြစ်ပေါ်နေသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယူးရီးယား(အာမို)တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ ယူးရီးယား(ဩဘာ)တစ်အိတ်လျှင် (၉၈၀၀၀)ကျပ်၊ တီစူပါ(သံကွင်း-တရုတ်)တစ်အိတ်လျှင် (၁၁၇၀၀၀)ကျပ်၊ ပုလဲရွှေတောင် (တရုတ်)တစ်အိတ်လျှင် (၈၈၀၀၀)ကျပ်၊ ရွှေကောမတ်(မြန်မာ့ဩဘာ)တစ်အိတ်လျှင် (၁၁၀၀၀၀)ကျပ်၊ ပိုတက်(ဂျာမနီ)တစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ ကွန်ပေါင်း(အာမို)တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ ကွန်ပေါင်း(ဩဘာ)တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (ကောမတ်)တစ်အိတ်လျှင် (၁၅၅၀၀၀)ကျပ်၊ အာမို ၁၆း၁၆း၁၆ (တရုတ်)တစ်အိတ်လျှင် (၁၆၀၀၀၀)ကျပ်ခန့်ဖြင့် အရောင်းဝယ်ဖြစ်လျက်ရှိပါသည်။

        ယခင်အပတ်နှင့်နှိုင်းယှဉ်ကြည့်လျှင်  ယူးရီးယား(အာမို)တစ်အိတ်လျှင် (၁၀၀၀၀)ကျပ်၊ ယူးရီးယား(ဩဘာ)တစ်အိတ်လျှင် (၂၀၀၀)ကျပ်၊ တီစူပါ(သံကွင်း-တရုတ်)တစ်အိတ်လျှင် (၈၀၀၀)ကျပ်၊ ပုလဲရွှေတောင်(တရုတ်)တစ်အိတ်လျှင် (၂၂၀၀၀)ကျပ်၊ ပိုတက်(ဂျာမနီ)တစ်အိတ်လျှင် (၅၀၀၀)ကျပ်၊ ကွန်ပေါင်း(အာမို)တစ်အိတ်လျှင် (၁၀၀၀၀)ကျပ်ခန့် ဈေးနှုန်းကျဆင်းလာပြီး ကွန်ပေါင်း(ဩဘာ)တစ်အိတ်လျှင် (၂၅၀၀၀) ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (ကောမတ်)တစ်အိတ် လျှင် (၁၀၀၀၀)ကျပ်၊ အာမို ၁၆း၁၆း၁၆ (တရုတ်)တစ်အိတ်လျှင် (၁၀၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာလျက်ရှိပါကြောင်း လွိုင်ကော်မြို့ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးအရောင်းဆိုင်ထံမှ သတင်းရရှိပါသည်။

DOCA(ကယား)