စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း ဆောင်းမြေပဲများ စတင်ဝင်ရောက်လာကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။
ရွှေဘိုခရိုင်အနေဖြင့် ဆောင်းမြေပဲ(၅၅၀၆၀)ဧကစိုက်ပျိုးခဲ့ပြီး ရွှေဘိုမြို့နယ်တွင်(၆၄၂၅)ဧက၊ ဝက်လက်မြို့နယ်တွင်(၁၄၈၆၉)ဧက၊ ခင်ဦးမြို့နယ်တွင်(၃၃၇၆၆)ဧက စိုက်ပျိုးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း စိုက်ပျိုးထားသည့် ဆောင်းမြေပဲ များရိတ်သိမ်းပြီး ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်လာပါကြောင်း၊ မြေပဲဆံတစ်တင်းလျှင် (၁၀၄၀၀ဝိ/-) ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိပြီး တစ်ပတ်အရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀၀)တင်း/(၁၀၃)တန် ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်နှစ်တွင် (၄၈၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ဖြင့် ယခုနှစ်တွင် ယခင်နှစ်ထက်(၅၆၀၀ဝိ/-)ကျပ် ဈေးပိုခဲ့ပါကြောင်း၊ ယခင်နှစ် ကာလတူတွင် အရောင်းအဝယ်ဖြစ်မှုမှာ (၆၀၀)တင်း/(၁၄)တန်ဖြစ်သဖြင့် ယခင်နှစ်နှင့်ယခုနှစ် အရောင်းအဝယ် ဖြစ်မှုနှိုင်းယှဉ်ပါက ယခုနှစ်တွင်(၃၉၀၀)တင်း/(၈၉)တန် ပိုမိုခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)