မကွေးမြို့၊ ကန်ပြားကျေးရွာရှိ Royal Palace Hotel ၌ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်

Powered by Drupal

         ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၇ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍအတွင်းရှိ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား (MSMEs)စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို မကွေးမြို့၊ ကန်ပြားကျေးရွာရှိ Royal Palace Hotel ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

          အသိပညာပေးဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး Health & Protocol National Level Plaque (HSP) နိုင်ငံအဆင့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအသိအမှတ်ပြုတံဆိပ်ရရှိသော Shwe Mann Hotel၊ လေသာကုန်းတည်းခိုရိပ်သာ၊ သီရိရတနာဟိုတယ်၊ ရွှေပြည်ဟိန်းဟိုတယ်၊ Hotel Juno၊ တော်ဝင်နန်းဟိုတယ်တို့အား စီးပွားရေးရာဝန်ကြီးမှ အသိအမှတ်ပြုတံဆိပ်များချီးမြှင့်ခဲ့ပါသည်။

          ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ ညွှန်ကြားရေးမှူးကလည်းကောင်း၊ စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ထွန်းအောင်ကလည်းကောင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးနိုင်ထူးကလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက စာသုံးသူကာကွယ်ရေးဥပဒေနှင့်စီးပွားရေးလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍကိုလည်းကောင်း၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း(မကွေးဇုန်) တာဝန်ရှိသူ တစ်ဦးကလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။

       ထို့နောက် တက်ရောက်လာသည့်စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းမှုအပေါ် ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ ညွှန်ကြားရေးမှူးကကျေးဇူး တင်စကားပြောကြားကာ အခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ကြပါသည်။ အခမ်းအနားသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စုစုပေါင်း(၂၆)ဦးခန့် တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)