အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဖေဖေါ်ဝါရီလ(၂၂)ရက်နေ့မှ ဖေဖေါ်ဝါရီလ(၂၈)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေလျက်ရှိပါသည်။ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၁၂၀၀ မှ ၂၀၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀၀ မှ ၁၈၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၄၀၀ မှ ၁၀၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၂၃၀၀ မှ ၂၄၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၇၀၀ မှ ၅၀၀၀ အတွင်း၊ ဘူးသီး(လုံး) ကျပ် ၆၀၀ မှ ၁၅၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၂၀၀ မှ ၂၂၀၀ အတွင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ)ကျပ် ၁၄၀၀ မှ ၁၆၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၅၀၀၀ မှ ၆၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၃၆၀၀ မှ ၃၇၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၁၅၀၀ မှ ၁၈၀၀ အတွင်း၊ ဆလပ်ရွက် (စည်း) ကျပ် ၁၅၀ မှ ၂၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စည်း) ကျပ် ၆၅ မှ ၁၀၀ အတွင်း၊ ခရမ်းသီး (ရှည်) (ပိဿာ)ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၈၅ မှ ၂၀၀ အတွင်း၊ ငရုတ်သီး စိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၆၀၀ မှ ၂၂၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၂၀၀၀ မှ ၅၀၀၀ အတွင်းအရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ တညင်းကုန်းလက်ကား ဈေးကြီး အတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၁၀၂၇၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၄၄၈၂၀) ကျော်၊ ဗူးသီးအလုံးပေါင်း (၆၆၃၅)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၁၀၅၀)ကျော်၊ ဂေါ်ဖီထုပ် ပေါင်း (၃၁၀၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၈၀၀၀)ကျော်၊ မုန်ညှင်းထုပ် (ပိဿာ)ပေါင်း (၇၄၂၀) ကျော်၊ ဖရဲသီးလုံးပေါင်း (၉၆၀၀)ကျော် အသီးသီးကုန်အဝင်ရှိပါကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)