မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၁-၂-၂၀၂၃ ရက်နေ့တွင် ပေါင်မြို့နယ်၊ သဲဖြူကုန်းနှင့် မော်လမြိုင်မြို့နယ်ရှိ ကွင်းရပ်၊ ဈေးကြိုရပ်တို့တွင်လည်းကောင်း၊ ၂၂-၂-၂၀၂၃ ရက်နေ့တွင် ပေါင်မြို့နယ် မြေတံတား(မုတ္တမ)၊ မုဒုံမြို့နယ် နိုင်းပလိုင်ကျေးရွာ၊ မော်လမြိုင်မြို့နယ် လှိုင်(ဘဲကုန်း)တို့တွင်လည်းကောင်း၊ ၂၃-၂-၂၀၂၃ ရက်နေ့တွင် ပေါင်မြို့နယ် ပုသိမ်ကွင်း(မုတ္တမ)၊ မုဒုံမြို့နယ် ကွန်တာကျေးရွာ၊ မော်လမြိုင်မြို့နယ် ဒိုဘီချောင်ရပ်ကွက်တို့တွင်လည်းကောင်း၊ ၂၄-၂-၂၀၂၃ ရက်နေ့တွင် ပေါင်မြို့နယ် မုတ္တမ(မြို့သစ်)၊ မော်လမြိုင်မြို့နယ် သီရိမင်္ဂလာရပ်ကွက်၊ ငန်းတေးရပ်ကွက်တို့တွင်လည်းကောင်း၊ ၂၅-၂-၂၀၂၃ ရက်နေ့တွင် ကျိုက်မရောမြို့နယ် ပိန္နဲကုန်းရပ်ကွက်၊ မော်လမြိုင်မြို့ရှိ သီရိမြိုင်ရပ်ကွက်၊ မုပွန်ရပ်ကွက်တို့တွင်လည်းကောင်း ကုမ္ပဏီများက ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများက လက်ကားကုန်သည်များသို့ ဖြန့်ဖြူးထုတ်ပေးခဲ့သည့်စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များအား ထပ်ပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရမည်ဖြစ်ရာ လက်လီဈေးကွက်အတွင်း သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)