အခြေခံစားသောက်ကုန်များ ဈေးကွက်အခြေအနေ

Powered by Drupal

           ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ စတုတ္ထပတ်အတွင်း စားသုံးသူများ၏အခြေခံစားသောက်ကုန် များဖြစ်သော စားအုန်းဆီ ၁ ပိဿာလျှင် (၅၀၀ဝ) ကျပ်၊ ပဲဆီ(ရိုးရိုး) ၁ ပိဿာလျှင် (၁၂ဝဝဝ) ကျပ် ဖြင့်လည်းကောင်း၊ ကြက်သွန်နီဆိုဒ်စုံ ၁ ပိဿာလျှင် (၁၈၀၀-၂၂၀၀-၂၃၀ဝ) ကျပ် ၊ ကြက်သွန်ဖြူ (ဥ)အလုံး ၁ ပိဿာလျှင် (၆၀၀၀-၈၀၀၀) ကျပ် ၊ ကြက်သွန်ဖြူ (အမွှာ) ၁ ပိဿာ လျှင် (၆၀၀၀-၈၀၀ဝ) ကျပ် ၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁ ပိဿာလျှင် (၄၅၀၀) ကျပ်၊ အာလူး ၁ ပိဿာလျှင် (၂၅၀၀-၂၈၀၀)ကျပ်၊ နနွင်းမှုန့် ၁ ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ နနွင်းတက် ၁ ပိဿာလျှင် (၅၀၀၀) ကျပ်၊ အိုင်အိုဒင်းဆား/ ရိုးရိုးဆား ၁ ထုပ်လျှင် (၃၀၀) ကျပ်၊ ငရုပ်တောင့် (ရှည်) ၁ ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ငရုပ်တောင့် (ပု) ၁ ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ မြန်မာပဲနီလေး ၁ ပိဿာလျှင် (၆၆၀၀) ကျပ်၊ ပဲဝါလေး ၁ ပိဿာ လျှင် (၄၅၀၀) ကျပ်၊ ကုလားပဲခြမ်း ၁ ပိဿာလျှင် (၄၆၀၀) ကျပ်၊ ချင်း ၁ ပိဿာလျှင် (၂၅၀၀-၃၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ပုဇွန်ခြောက်(ကြီး) ၁ ပိဿာလျှင် (၆၀၀၀၀) ကျပ်၊ ပုဇွန်ခြောက်(လတ်) ၁ ပိဿာလျှင် (၅၀၀၀၀) ကျပ်၊ ပုဇွန်ခြောက်(သေး) ၁ ပိဿာလျှင် (၄၀၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ဝက်သား ၁ ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ဘဲသား ၁ ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဆိတ်သား ၁ ပိဿာလျှင် (၂၈၀၀၀) ကျပ်၊ မွေးမြူရေးကြက် ၁ ပိဿာလျှင် (၉၀၀၀-၁၀၀၀၀) ကျပ်၊ မြန်မာကြက် ၁ ပိဿာလျှင် (၁၇၀၀၀-၂၀၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ဆန်ကြမ်းအမျိုးအစားအလိုက် (ထိပ်စ၊ လတ်စ၊ နိမ့်စ) များတွင် ၁ အိတ်လျှင် (၄၂၅၀၀ ကျပ်မှ ၅၇၀၀၀ ကျပ်) ထိ ရှိပြီး ပေါ်ကျွဲ ၁ အိတ်လျှင် (၅၂၀၀၀ ကျပ်မှ ၆၁၀၀၀ ကျပ်)ထိလည်းကောင်း၊ ရွှေဘို ပေါ်ဆန်းမွှေး (အဟောင်း) ၁ အိတ်လျှင် (၉၅၀၀၀ ကျပ်မှ ၁၁၄၀၀၀ ကျပ်) ထိ၊ (ဆန်သစ်) ၁ အိတ်လျှင် (၈၂၀၀၀ ကျပ်မှ ၈၇၅၀၀ ကျပ်)ထိလည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်ဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)