ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေး၌ စားသုံးသူကာကွယ်ရေးအကြောင်း ဟောပြောပွဲကျင်းပ

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၄-၂-၂၀၂၃ ရက်နေ့၊ နံနက် (၁၁:၃ဝ) နာရီအချိန်တွင် ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေး၌ စားသုံးသူကာကွယ်ရေးခေါင်းစဉ်ဖြင့် ဟောပြောကျင်းပခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဒု-ကြီးကြပ်ရေးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ ရည်ရွယ်ချက်၊ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ မိမိတို့ဦးစီးဌာနအနေဖြင့် ကုန်သည် သို့မဟုတ် ဝန်ဆောင်မှုလုံခြုံစိတ်ချရမှုရှိစေရေးအတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရပါကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှု၊ အငြင်းပွားမှုများရှိပါကလူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်းတစ်ခုခု ဖြင့်သော်လည်းကောင်း၊ သက်ဆိုင်ရာဦးစီးမှူးရုံးများသို့ သက်သေခံအထောက်အထားနှင့်တကွတိုင်ကြားနိုင်ပါကြောင်းနှင့် ဥပဒေပါပြစ်မှု/ပြစ်ဒဏ်များအကြောင်းတို့ကို အသေးစိတ်ရှင်းလင်း ပြောကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲအား နေ့လည် (၁၃:ဝဝ) နာရီတွင် ရုပ်သိမ်းခဲ့ပြီး ဟောပြောပွဲတက်ရောက် သူ (၁၈)ဦးခန့်ရှိကြောင်းသိရပါသည်။

DOCA(ရန်ကုန်)