သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်သီရိမင်္ဂလာဈေးတွင် ဖေဖေါ်ဝါရီလ ( ၂၂ ) ရက်နေ့မှ ဖေဖေါ်ဝါရီလ ( ၂၈ ) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ခရမ်း၊ ကျောင်းကုန်း၊ အသုတ် မှ ဖရဲသီး (၈၅၅) အလုံးကြီး ကျပ် ၈၀၀၀ ၊ အလုံးလတ် ကျပ် ၇၀၀၀ ၊ အလုံးသေး ကျပ် ၆၀၀၀ မှ ၃၀၀၀ ၊ ခရမ်း၊ ကျောင်းကုန်း၊ အသုတ် မှ ဖရဲသီး (၂၁၁) အလုံးကြီး ကျပ် ၅၀၀၀၊ အလုံးလတ် ကျပ် ၄၀၀၀ ၊ အလုံးသေး ကျပ် ၃၀၀၀ မှ ၂၀၀၀၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ်  ၄၀၀၊ အလုံးသေး ကျပ် ၃၀၀၊ တွံတေး မှ သခမသီး အလုံးကြီးတစ်ခြင်း အလုံး ၂၀ မှ ၃၅ ပါကျပ် ၁၈၀၀၀၊ အလုံးလတ်  အလုံး ၄၀ မှ ၄၅ ပါကျပ် ၁၆၀၀၀၊ အလုံးသေး အလုံး ၆၀ မှ ၉၀ ပါကျပ် ၁၅၀၀၀၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၁၂၀၀ ၊ အလုံးလတ် ကျပ် ၁၀၀၀ ၊ အလုံးသေး  ကျပ် ၈၀၀ ၊ မော်လမြိုင် မှ ကျွဲကောသီး အလုံးကြီး ကျပ် ၁၈၀၀ မှ ၁၅၀၀၊ အလုံးလတ် ကျပ် ၁၃၀၀ မှ ၁၀၀၀ ၊ အလုံးသေး ကျပ် ၈၀၀ မှ ၅၀၀ ၊ ဆင်ဖြူကျွန်း မှ  ဇီးသီး (စလေ) အလုံးကြီးတစ်ခြင်း ၈ ပြည် ပါကျပ် ၁၁၅၀၀၊ ပြည်မှ ဇီးသီး (အချဉ်) အလုံးကြီးတစ်ခြင်း ၁၃ ပြည်ပါကျပ် ၁၂၀၀၀ ၊ ပဲခူး (ဘုရား ကြီး) မှ စိမ်းစားဥ အလုံးကြီး ၁ တွဲ ကျပ် ၇၀၀၊ အလုံးလတ် ကျပ် ၆၀၀ ၊ မြစ်သား မှ ပဲမြစ် တစ်ပိဿာ အလုံးကြီး ကျပ် ၂၇၀၀၊ အလုံးလတ် ကျပ် ၂၃၀၀ ၊ အလုံးသေး ကျပ် ၁၅၀၀၊ ပြင်ဦးလွင်မှ စတော် ဘယ်ရီ အလုံးကြီးတစ်ခြင်း ၅ ပိဿာပါ ကျပ် ၂၉၀၀၀ ၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ အလုံးကြီး တစ် ဗူး ၁၈ ကျပ်သားပါ ကျပ် ၁၂၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ၊ပန်းမန် ၊ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP)  မှသိရှိရပါသည်။

DOCA(ရန်ကုန်)