မကွေးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးစားသုံးသူရေးရာ ကော်မတီအစည်းအဝေး (၁/၂၀၂၃)အား ကျင်းပ

Powered by Drupal

  စားသုံးသူအကျိုးစီးပွားကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား အငြင်းပွားမှုများကို စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ (၂၈.၂.၂၀၂၃)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ကျင်းပခဲ့ပါသည်။

  အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးဦးမြင့်ဝင်းက (၅/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလအတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများအား Power Point များဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူခိုင်က အမှာစာများအား ဖတ်ကြားပြီးနောက် တက်ရောက်လာကြသည့် ကော်မတီဥက္ကဌနှင့်တကွ ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြပါသည်။ ထို့နောက် စားသုံးသူရေးရာကော်မတီဥက္ကဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ညနေ(၁၇:၀၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

    အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ခရိုင်ဦးစီးမှူးများ၊ ဌာနခွဲတာဝန်ခံများ စုစုပေါင်း(၁၄)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)