၂၀၂၃ ခုနှစ် မတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့နယ်တွင် ဖြစ်ပေါ်လျက်ရှိသည့် အခြေခံစားကုန်ဈေးနှုန်းများမှာ ရွေဘိုပေါ်ဆန်း(အဟောင်း) တစ်ပြည် (၃၈၀၀) ကျပ်၊ ဧရာမင်း(အဟောင်း) တစ်ပြည် (၃၀၀၀) ကျပ်၊ ရွှေဘိုပေါ်ဆန်း (အသစ်)တစ်ပြည် (၃၀၀၀) ကျပ်၊ ဧရာမင်း(အသစ်)တစ်ပြည် (၂၈၀၀) ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။ ကြက်သွန်နီ(အသစ်) လက်လီဈေးမှာ (အကြီး)တစ်ပိသာ (၁၅၀၀) ကျပ် ၊ (အလတ်)တစ်ပိသာ (၁၃၀၀) ကျပ်၊ (အသေး)တစ်ပိသာ (၁၀၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ) တစ်ပိသာ (၅၀၀၀) ကျပ် မှ (၆၀၀၀) ကျပ် ၊ ကြူကုတ် တစ်ပိသာ (၄၅၀၀) ကျပ် မှ (၅၀၀၀) ကျပ်၊ ချင်း တစ်ပိသာ (၂၀၀၀) ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် (၁၅၀၀၀) ကျပ် မှ (၂၂၀၀၀) ကျပ်ထိ ၊ အာလူး တစ်ပိသာ (၁၈၀၀) ကျပ် မှ (၂၀၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ငရုပ်သီးစိမ်း တစ်ပိသာ (၃၀၀၀) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိသာ (၈၀၀) ကျပ် ၊ ခရမ်းသီး တစ်ပိသာ (၁၂၀၀) ကျပ် ၊ ပန်းဂေါ်ဖီ တစ်ပွင့် (၁၃၀၀) ကျပ် မှ (၁၅၀၀) ကျပ် ၊ ဂေါ်ဖီထုတ် တစ်ထုတ် လျှင် (၈၀၀) ကျပ်၊ ခါကြက်ဥ တစ်ပိသာ (၂၅၀၀) ကျပ် မှ (၃၀၀၀) ကျပ်၊ သံပုရာသီး တစ်လုံးလျှင် (၂၀၀) ကျပ် မှ (၃၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စီးလျှင် (၂၀၀) ကျပ် ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။
ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၂၅၀)ကျပ်၊ (အသေး)တစ်လုံး (၂၃၀) ကျပ် ၊ ဘဲဥ တစ်လုံး (၃၅၀) ကျပ်ရှိသည် ။ ကန့်ဘလူမြို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၀၀၀၀ ) ကျပ် မှ (၁၂၀၀၀) ကျပ် ၊ ဝက်သား တစ်ပိသာ (၁၈၀၀၀) ကျပ် မှ (၂၀၀၀၀) ကျပ် ၊ အမဲသား တစ်ပိသာ (၁၀၀၀၀) ကျပ် မှ (၁၂၀၀၀) ကျပ် ထိ၊ ငါးကြင်း တစ်ပိသာ (၆၀၀၀) ကျပ် မှ (၈၅၀၀) ကျပ်၊ တီလားဗီးယားငါး တစ်ပိသာ (၄၀၀၀) ကျပ် မှ (၆၀၀၀) ကျပ် ဖြင့် ရောင်းဝယ်နေကြောင်း သိရပါသည်။
စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာ လျှင် (၁၃၀၀၀) ကျပ်၊ စားအုံးဆီ တစ်ပိသာလျှင် (၈၀၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
DOCA(စစ်ကိုင်း)