အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)(၄၅)ပိဿာဝင် (၁)အိတ်လျှင် ယခင်အပတ်(၂၂.၂.၂၀၂၃)ရက်နေ့တွင် ကျပ်(၂၅၀၀၀၀)ဖြစ်ပြီး ယခုအပတ်(၂၈.၂.၂၀၂၃) ရက်နေ့တွင်လည်း ကျပ်(၂၅၀၀၀၀)၊ နှမ်းပြာ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၃၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၃၀၀၀၀)၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၆၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၆၀၀၀၀)၊ နှမ်းနီ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၅၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၅၀၀၀၀)ဖြစ်၍ အသီးသီးဈေးနှုန်း ပြောင်းလဲခြင်းမရှိဘဲ အရောင်းအဝယ်ပမဏအနေဖြင့် (၄၅) ပိဿာဝင် အိတ်ဖြင့် နှမ်းနက်(စမုံ) (၅၅၀)အိတ်၊ နှမ်းပြာ(၁၈၀)အိတ်၊ နှမ်းဖြူ (၁၀၀)အိတ်နှင့် နှမ်းနီ (၁၂၅) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
ပဲမျိုးစုံဈေးကွက်တွင် (၂၀)ပိဿာ ပဲကြီး (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ် (၈၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၆၀၀၀)ဖြစ်၍ ကျပ်(၆၀၀၀)ဈေးလျော့ခဲ့ပါသည်။ ပဲစဉ်းငုံ (နီ)မှာ (၁) တင်းလျှင် ယခင်အပတ်တွင် ကျပ်(၆၅၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၉၅၀၀) ဖြစ်၍ ကျပ်(၄၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မတ်ပဲ(၁) တင်းလျှင် ယခင်အပတ်တွင် ကျပ်(၅၉၀၀၀) ဖြစ်ပြီး ယခု အပတ်တွင် ကျပ်(၆၀၅၀၀)ဖြစ်၍ ကျပ်(၁၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(HL)(၁) တင်းလျှင် ယခင်အပတ်တွင် ကျပ်(၆၅၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၆၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) ဈေးမြင့်ခဲ့ ကြောင်း၊ ကုလားပဲ(မြကြေး)(၁) တင်းလျှင် ယခင်အပတ်တွင် ကျပ်(၆၃၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၆၅၀၀)ဖြစ်၍ ကျပ်(၃၅၀၀) စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ ပဲတီစိမ်း (၁) တင်းလျှင် ယခင်အပတ်တွင် ကျပ်(၅၈၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၅၈၀၀၀)၊ ဘိုကိတ်ပြာ(၁) တင်းလျှင် ယခင်အပတ်တွင် ကျပ်(၄၆၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၄၆၀၀၀)ဖြစ်၍ ဈေးနှုန်း ပြောင်းလဲမှုမရှိဘဲ၊ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင် အိတ်ဖြင့် ပဲစဉ်းငုံ(နီ) (၁၅၀၀) အိတ်၊ ကုလားပဲ(HL) (၈၀၀)အိတ်၊ ဘိုကိတ်ပြာ(၂၀၀) အိတ်၊ ပဲကြီး (၄၅၀)အိတ်၊ ပဲတီစိမ်း(၆၃၀)အိတ်၊ မတ်ပဲ(၁၁၀)အိတ်နှင့် ကုလားပဲ(မြကြေး)(သစ်) (၆၅၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။
မြေပဲလုံးဆံ(ဖြူ)မှာ တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၃၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၁၅၀)ဖြစ်၍ ကျပ်(၁၅၀)ဈေးလျော့ခဲ့ပါသည်။ မြေပဲလုံးဆံ(နီ) ယခင်အပတ်တွင် ကျပ်(၆၉၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၃၀၀)ဖြစ်၍ ကျပ်(၄၀၀)ဈေးမြင့်တက်ခဲ့ကြောင်း မြေပဲတောင့်အစိုမှာ (၁)တင်း လျှင် ယခင်အပတ်တွင် ကျပ်(၂၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၂၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆံ(နီ) (၃၀)ပိဿာဝင် အိတ် (၃၀၀)၊ မြေပဲလုံးဆံ (ဖြူ) အိတ်(၄၅၀)နှင့် မြေပဲတောင့်အစို တင်း(၃၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။
ဝါသီးနှံဈေးကွက်မှာလည်း (၁)ပိဿာလျှင် ယခင်အပတ်တွင်ကျပ်(၃၂၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၃၂၀၀)ဖြစ်၍ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဝါပိဿာချိန်(၂၂၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်းနှင့် အပတ်စဉ် မန္တလေးမြို့သို့တင်ပို့ရောင်းချလျက်ရှိကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(မကွေး)