ပြည်နှမ်းဈေးများဆက်လက်ငြိမ်သက်

Powered by Drupal

   ပြည်ဈေးကွက်တွင် နှမ်းဈေးများ ပြောင်းလဲခြင်းမရှိဘဲ ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။ နှမ်းဝင်ရောက်မှုမရှိသလို ဝယ်လိုအားလည်းနည်းပါးလာသဖြင့် နှမ်းဈေးသာ ဈေးကွက်တွင်ဖြစ်ပြီး အရောင်းအဝယ်ပါးနေကြောင်း တွေ့ရှိရပါသည်။ ယခင်တွင် ဖြစ်ပေါ်ခဲ့သော နှမ်းဈေးများမှာ နှမ်းနီ(၃) တင်းတစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ နှမ်းနက် (၃)တင်း တစ်အိတ်လျှင် (၁၈၀၀၀၀) ကျပ်နှင့် စမုံနက်နှမ်း(၃)တင်းတစ်အိတ်လျှင် (၂၀၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ ယခုနှစ် ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် နှမ်းနီ(၃)တင်းတစ်အိတ်လျှင် (၂၆၀၀၀၀)ကျပ်၊ နှစ်နက် (၃)တင်းတစ်အိတ်လျှင်(၂၈၀၀၀၀)ကျပ်နှင့် စမုံနက်နှမ်း (၃)တင်းတစ်အိတ်လျှင် (၃၀၀၀၀၀)ကျပ်ဖြင့် ယခင်အပတ်ကအတိုင်းဈေးငြိမ်နေသော်လည်း ယခင်နှစ်ထက်စာလျှင် (၃)တင်းတစ်အိတ်လျှင် (၁)သိန်းကျပ်ခန့် ဈေးနှုန်းများမြင့်တက်ခဲ့ပြီး တစ်တင်းလျှင် (၃)သောင်းကျပ်ကျော်ခန့် ဈေးမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)