ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် စပါးဈေးနှုန်းမှာ တည်ငြိမ်နေ၍ ဆန်ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဖေဖော်ဝါရီလ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၁၇၂၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်းအိတ်ရေ ၁၂၄၃၂၀ အိတ်၊ တန်အားဖြင့် ၆၂၁၆တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၉၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၈၂၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်းအိတ်ရေ ၁၁၇၈၀၀အိတ်၊ တန်အားဖြင့် ၅၈၉၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၆၅၂၀အိတ်၊ တန်အားဖြင့် ၃၂၆တန် လျော့၍ စီးထွက်ခဲ့ပါသည်။
ရွှေဘိုမြို့၏ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသောစပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း(စပါး)(သစ်)တင်း၁၀၀လျှင် ကျပ်၂၁၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း(ဆန်)(သစ်)၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၇၅၀၀၀၊ ဧရာမင်း(စပါး)(သစ်)တင်း၁၀၀လျှင် ကျပ်၁၅၀၀၀၀၀၊ ဧရာမင်းဆန်(သစ်)၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၆၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)