စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ရွှေဘိုမြို့တွင် စားသုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များထံမှ သိရှိရပါသည်။
ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကားရောင်းချသောဆိုင် (၁၂) ဆိုင်ရှိပြီး ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၇၄၅၀) ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု မတ်လ ပထမပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၇၆၅၀) ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် ယခင်အပတ်နှင့် ယခုအပတ် စားသုံးဆီတစ်ပိဿာဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်ပါက စားအုန်းဆီတစ်ပိဿာလျှင် (၂၀၀) ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၅၀၀) ကျပ်ဖြင့် အသီးသီး ဈေးနှုန်းဆက်လက်မြင့်တက်လျက်ရှိပြီး နှမ်းဆီသန့်ဈေးနှုန်းမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီလက်ကားဆိုင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)