၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် (ဟောင်း) တစ်ပြည်လျှင် ၃၈၀၀ကျပ်၊ ဧရာမင်းဆန် (ဟောင်း) တစ်ပြည်လျှင် ၂၈၀၀ကျပ်၊ရွှေဘိုပေါ်ဆန်း (ဆန်) (သစ်) တစ်ပြည်လျှင် ၃၃၀၀ကျပ်၊ ဧရာမင်း(ဆန် ) (သစ်) တစ်ပြည်လျှင် ၂၇၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ (သစ်) လက်လီဈေးနှုန်းမှာ (ကြီး) တစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ (လတ်) တစ်ပိဿာလျှင် ၁၀၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၇၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးနှုန်းမှာ (ဗမာ)တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၅၀၀၀ကျပ်အထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၅၅၀၀ကျပ်အထိ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်အထိ၊ ချင်းတစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်အထိ၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် အမျိုးအစားအလိုက် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်အထိ၊ အာလူးတစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၆၀၀ကျပ်အထိ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၂၀၀ကျပ် စသည်ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။
ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး) တစ်လုံးလျှင် ၂၅၀ကျပ်၊ (သေး) တစ်လုံးလျှင် ၂၀၀ကျပ်၊ ဘဲဥ (ကြီး) တစ်လုံးလျှင် (၃၀၀) ကျပ်၊ (သေး)တစ်လုံးလျှင် (၂၅၀)ကျပ်ရှိပါသည်။ ရွှေဘိုမြို့၏ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် ၉၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်အထိ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်အထိ၊ ဝက်သားတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်အထိ၊ အမဲသားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်အထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရှိရပါသည်။
စားသုံးဆီဈေးနှုန်းများမှာ ပဲဆီသန့်တစ်ပိဿာလျှင် ၁၃၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်အထိ၊ စားအုန်းဆီတစ်ပိဿာလျှင် ၇၆၅၀ကျပ်နှင့် နှမ်းဆီတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)