ပြည်ခရိုင်ရှိ ပဲစင်းငုံသီးနှံ၏ ကာလတူဈေးနှုန်းနှိုင်းယှဉ်ချက်

Powered by Drupal

          ပြည်ခရိုင်အတွင်းတွင် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ သီးနှံများကို အများအပြားစိုက်ပျိုးလျက်ရှိပါသည်။

          ပဲစင်းငုံသီးနှံကို ပြည်ခရိုင်တွင်စိုက်ပျိုးဧက (၁၄၇၅၈) ဧကစိုက်ပျိုးလျက်ရှိပါသည်။ ထွက်ရှိမှုမှာ တစ်ဧကကို (၁၄)တင်းနှုန်းခန့်ထွက်ရှိပါသည်။ ပဲစင်းငုံရိတ်သိမ်းပြီးစီးမှုအနေဖြင့် ဧက(၁၅၂၀) ဧက ခန့်ရိတ်သိမ်းပြီးဖြစ်ပါသည်။

         ယခုနှစ်ဖေဖော်ဝါရီ ပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို (၆၀၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။  ပဲသစ်များလည်းဝင်နေပြီဖြစ်ကာ ပဲစင်းငုံအသစ်တစ်တင်းကို (၆၀၀၀၀) ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ပန်းတောင်း၊ ကံမ၊ မင်းတုန်းနှင့်ပေါက်ခေါင်းဘက်မှ အဝင်ရှိခဲ့ပါသည်။ ယခင်နှစ်ဖေဖော်ဝါရီပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို (၄၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပဲတစ်တင်းကို ယခုနှစ်(၁၈၅၀၀)ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။

        ယခုနှစ်ဖေဖော်ဝါရီ ဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို (၆၃၅၀၀-၆၄၀၀၀)ကျပ်ဖြင့် တစ်ရက်ကိုအိတ် (၄၀၀/၅၀၀) ခန့် လှောင်သမားနှင့်ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် ဖေဖော်ဝါရီ ဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို (၄၁၀၀၀)ကျပ်ဖြင့် အဝယ်ရှိခဲ့ပါသည်။ ယခုနှစ်ဖေဖော်ဝါရီ ဒုတိယပတ်တွင် ပဲစင်းငုံဈေးမှာ တစ်တင်းကို (၂၃၀၀၀)ကျပ် ဈေးပိုရခဲ့ပါသည်။

         ယခင်နှစ်ဖေဖော်ဝါရီ တတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို (၆၆၀၀၀)ကျပ်ဈေးဖြင့် တစ်ရက် ကို အိတ် (၂၀၀/၃၀၀) ခန့် အဝယ်ရှိခဲ့ပါသည်။ ယခုနှစ်ဖေဖော်ဝါရီလတတိယပတ်တွင် ပဲစင်းငုံ တစ်တင်းကို (၄၂၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ ယခင်နှစ်ကထက် ပဲစင်းငုံ တစ်တင်းကို (၂၄၀၀၀)ကျပ် ဈေးပိုရပြီး ရန်ကုန်အဝယ်လည်း ရှိခဲ့ပါသည်။

          ပဲစင်းငုံတစ်တင်းဈေးမှာ ဈေးကောင်းလျက်ရှိပြီး အိန္ဒိယတွင် ပဲစင်းငုံအထွက်နည်းနေ၍ ပြည်ပသို့တင်ပို့သောကြောင့် ပဲစင်းငုံဝယ်ယူမှုများသဖြင့် ပဲစင်းငုံဈေးမြင့်လျက်ရှိကြောင်း သိရှိရပါ သည်။

DOCA(ပဲခူး)