တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကြံများခုတ်သိမ်းပြီ

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှ ရရှိသောစာရင်းများအရ  ကြံစိုက်ပျိုးမှုမှာ ခင်းသစ် ၇၅၁၆ ဧက၊ လမိုင်း ၂၉၉၅ ဧက စုစုပေါင်း ၁၀၅၁၁ ဧက ရှိပါသည်။ ယခုအခါတွင် ကြံများရိတ်သိမ်းပြီးစီးပြီးဖြစ်ရာ အထွက်နှုန်းအနေဖြင့်အခင်းသစ်တစ်ဧကလျှင် ၂၆.၈၅ တန်၊ လမိုင်း တစ်ဧကလျှင် ၂၀.၁၃ တန်ထွက်ရှိကြောင်း သိရှိရပါသည်။

           ရေတာရှည်မြို့နယ်တွင် အောင်ချမ်းသာသကြားစက်နှင့်မြို့လှသကြားစက်တို့ရှိရာ အောင်ချမ်းသာ သကြားစက်အနေဖြင့်တစ်ရက်လျှင် ကြံတန် ၁၅၀၀ နှင့် မြို့လှ သကြားစက်အနေ ဖြင့် တစ်ရက်လျှင် ကြံတန် ၂၀၀၀ ကြိတ်ခွဲနိုင်ကြောင်းသိရပါသည်။ စက်ရုံများမှကြံတန် ၁၀၀ ကြိတ်ခွဲလျှင် သကြားထွက်ရှိမှုမှာ  ၉.၃၁ တန်မှ ၉.၅၀ တန်အထိ ရှိကြောင်း သိရှိရပါသည်။

            သကြားစက်ရုံများမှ ကြံများကို ကွင်းဈေး ၆၇၀၀၀ ကျပ်နှင့် စက်ရုံအရောက်ဈေး ၈၅၀၀၀ ကျပ် ဝယ်ယူကြောင်းသိရှိရပါသည်။ စက်ရုံများမှ ထွက်ရှိသော သကြားများကိုမူ တင်ဒါခေါ်ယူ၍ ဝယ်ယူကြောင်း သကြားစက်များမှ သိရှိရပါသည်။

DOCA(ပဲခူး)