ပြည်ကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲဈေးများ၏ ဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေကို အောက်ပါအတိုင်းနှိုင်းယှဉ်လေ့လာ သိရှိရပါသည်။
ပြည်ကုန်စည်ဒိုင်၏ ဖေဖော်ဝါရီလဒုတိယအပတ်တွင် မတ်ပဲတစ်တင်းကို (၆၁၀၀၀-၆၁၅၀၀) ကျပ်ဖြင့် တစ်ရက်လျှင်အိတ် (၂၀၀/၃၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။ တတိယပတ်တွင် မတ်ပဲ တစ်တင်းလျှင် (၆၂၀၀၀)ကျပ်ဖြင့် တစ်ရက်လျှင်အိတ် (၄၀၀/၅၀၀)ခန့်လှောင်သမားနှင့် ရန်ကုန် အဝယ် ရှိခဲ့ပါသည်။
ပြည်ကုန်စည်ဒိုင်တွင် ပဲစင်းငုံတစ်တင်းလျှင် (၆၅၀၀၀)ကျပ်ဖြင့် တစ်ရက်ကို ရန်ကုန်အဝယ် အိတ် (၄၀၀/၅၀၀)ခန့် ရှိခဲ့ပါသည်။ ဖေဖော်ဝါရီတတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို (၆၆၀၀၀) ကျပ်ဖြင့် လှောင်သမားနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၅၀၀/၆၀၀)ခန့် အဝယ်ရှိပါသည်။ ဖေဖော်ဝါရီတတိယပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၁၀၀၀)ကျပ်ခန့် ဈေးတက်ခဲ့ပါသည်။
ဖေဖော်ဝါရီ ဒုတိယပတ်တွင် ကုလားပဲ(HL)တစ်တင်းလျှင် (၆၅၀၀၀)ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းလျှင် (၆၂၅၀၀-၆၃၀၀၀)ကျပ်ဖြင့် တစ်ရက်လျှင် အိတ် (၃၀၀/၄၀၀)ခန့် ခွဲစက်သမားနှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ တတိယပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၆၆၀၀၀-၆၆၅၀၀)ကျပ် ကုလားပဲ(မြကြေးမှုံ)တစ်တင်းလျှင် (၆၆၀၀၀-၆၆၅၀၀)ကျပ်ဖြင့် တစ်ရက်လျှင် အိတ် (၄၀၀/၅၀၀) ခန့် ခွဲစက်သမားနှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။
ဖေဖော်ဝါရီ ဒုတိယပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းလျှင် (၈၃၀၀၀-၈၅၀၀၀)ကျပ်ဖြင့် ပဲကြော်သမားများ မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ ဖေဖော်ဝါရီတတိယပတ်တွင် ပဲကြီး(ရွှေကျွန်း) တစ်တင်းလျှင် (၈၀၀၀၀-၈၁၀၀၀)ကျပ်ဖြင့် ပဲကြီးဈေးကျလာခဲ့ပါသည်။ ပဲကြီး (ရွှေကျွန်း)အဝယ် တစ်ရက်လျှင် အိတ် (၃၀၀/၄၀၀)ခန့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။
ဖေဖော်ဝါရီ ဒုတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းလျှင် (၄၈၀၀၀-၄၈၅၀၀)ကျပ်ဖြင့် မြို့တွင်း အဝယ်တစ်ရက်လျှင် အိတ် (၁၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ တတိယပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၄၇၀၀၀)ကျပ်ဖြင့် ဘိုကိတ်ဈေးကျလာခဲ့ပြီး မြို့တွင်းအဝယ်တစ်ရက်လျှင် (၁၀၀/၁၅၀)ခန့် ရှိခဲ့ ပါသည်။
ပြည်ကုန်စည်ဒိုင်တွင် ပြည်ပပို့ကုန်ရှိသောပဲဈေးမှာ အနည်းငယ်တက်လျက်ရှိပြီး၊ မြို့တွင်း အဝယ်ရှိသောကုလားပဲဈေးမှာလည်းမြင့်လာခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)