မကွေးမြို့၊ မြို့မစျေး၌ စားသုံးရန်/သုံးစွဲရန်မသင့်သော အစားအသောက်၊ လူသုံးကုန်များ ရောင်းချမှုမရှိစေရေး အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” မျှော်မှန်းချက်နှင့်အညီ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(ဦးစီးမှူး)သည် (၁.၃.၂၀၂၃) ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မကွေးမြို့၊ မြို့မစျေး၌ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တို့နှင့်အတူ စားသုံးရန်/သုံးစွဲရန်မသင့်သောအစားအသောက်၊ လူသုံးကုန် ပစ္စည်းများ စျေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် စျေးကွက်အတွင်း၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနမှ စားသုံးရန်/သုံးစွဲရန်မသင့်တားမြစ်ထားသော ကုန်စည်များရောင်းချမှုရှိ/မရှိစစ်ဆေးခြင်း၊ စျေးကွက်အတွင်းမှ ကုန်စည်များအား ဓါတ်ခွဲစမ်းသပ်ရန် နမူနာဝယ်ယူခြင်း၊ စျေးကွက်အတွင်းရှိကုန်စည်များ၌ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်းနှင့်သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးကိုက်ညီမှုရှိ/မရှိစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားမပြည်စုံသော ကုန်စည်များနှင့်တရားမဝင်ကုန်စည်များအား ဆိုင်တင်ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေ‌နွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)