လွိုင်ကော်မြို့တွင်‌ ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

၂၀၂၃ခုနှစ်၊ မတ်လဒုတိယအပတ်အတွင်း လွိုင်ကော်မြို့နယ်တွင် အခြေခံစားကုန်ဖြစ်သော ရွှေရင်အေး(ဆန်)တစ်ပြည်လျှင် (၃၄၀၀) ကျပ်၊ တရုတ်မွှေး (ဆန်)တစ်ပြည်လျှင် (၂၈၀၀) ကျပ်၊ ရွှေအ(ဆန်)တစ်ပြည်လျှင် (၂၈၀၀) ကျပ်နှင့် ငစိန်(ဆန်)တစ်ပြည်လျှင် (၂၅၀၀) ကျပ်တို့ဖြင့်လည်းကောင်း၊ စားသုံးဆီအနေဖြင့် မြေပဲဆီတစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်နှင့် စားအုန်းဆီတစ်ပိဿာလျှင် (၆၀၀၀) ကျပ်ခန့်ရှိပါသည်။

          စားဖိုဆောင်သီးနှံအနေဖြင့် ငရုတ်သီးခြောက်အမျိုးအစားအလိုက် တစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်မှ(၂၅၀၀၀) ကျပ်ခန့်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၂၃၀၀)ကျပ်ခန့်၊ ကြက်သွန်ဖြူ(ရှမ်းစ/ဒေသစ)တစ်ပိဿာလျှင် (၄၅၀၀) ကျပ်ခန့်၊ နနွင်းတက်တစ်ပိဿာလျှင် (၅၅၀၀) ကျပ်ခန့်၊ ချင်းတစ်ပိဿာလျှင် (၁၈၀၀) ကျပ်ခန့်၊ ဆားတစ်ပိဿာလျှင် (၆၀၀) ကျပ်ခန့်၊ အားလူးတစ်ပိဿာလျှင် (၂၃၀၀) ကျပ်ခန့်နှင့် ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၀၀၀) ကျပ်ခန့်ရှိ ပါသည်။

          အသားငါးဈေးနှုန်းများအနေဖြင့် ကြက်သားတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်ခန့်၊ ဝက်သားတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်ခန့်၊ အမဲသားတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်ခန့်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၆၀၀၀) ကျပ်ခန့်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၉၀၀၀) ကျပ်ခန့်၊ ငါးကြင်းတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်ခန့်၊ ငါးခူတစ်ပိဿာလျှင် (၉၀၀၀) ကျပ်ခန့်ရှိပြီး ကြက်ဥ/ဘဲဥဈေးနှုန်းများအနေဖြင့် ကြက်ဥအသေးတစ်လုံးလျှင် (၂၃၀) ကျပ်၊ ကြက်ဥအကြီးတစ်လုံးလျှင် (၂၆၀) ကျပ်၊ ဘဲဥအသေးတစ်လုံးလျှင် (၂၇၀) ကျပ်၊ ဘဲဥအကြီးတစ်လုံးလျှင် (၃၀၀) ကျပ်ခန့်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်း ရောင်းချနေသောဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ကယား)