မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ မတ်လ ဒုတိယပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများ ဈေးတက်လျက်ရှိပါကြောင်း သိရပါသည်။
မုံရွာမြို့၏ မတ်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်း ဈေးနှုန်းများမှာ ဧရာမင်းစပါးအသစ်တင်း ၁၀၀ လျှင် ကျပ် ၁၇၀၀၀၀၀ မှ ၁၈၀၀၀၀၀၊ ဧရာမင်းဆန်အသစ် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၆၉၀၀၀ မှ ၇၀၀၀၀ ထိ၊ ဧရာမင်းစပါးအဟောင်းတင်း ၁၀၀ လျှင် ကျပ် ၁၉၀၀၀၀၀ မှ ၂၀၀၀၀၀၀ ထိ ဧရာမင်းဆန်အဟောင်း ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၉၀၀၀ မှ ၈၀၀၀၀၊ မနောသုခစပါးအသစ်တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊ မနောသုခဆန်အသစ် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၆၀၀၀၊ မနောသုခစပါးအဟောင်းတင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊ မနောသုခအဟောင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၀၀၀၀၊ ပေါ်ဆန်းစပါးအသစ်တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊ ပေါ်ဆန်းအသစ်ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင်ကျပ် ၆၉၀၀၀ မှ ၇၀၀၀၀၊ ပေါ်ဆန်းစပါးအဟောင်းတင်း ၁၀၀ လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်းအဟောင်းဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၈၅၀၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ယခင်ဖေဖော်ဝါရီ ဒုတိယအပတ် စပါး/ဆန်ဈေးနှုန်းများနှင့် ယခုမတ်လ ဒုတိယအပတ်ဈေးနှုန်းများ နှိုင်းယှဉ်လျှင် ဧရာမင်းစပါးအသစ်တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀ ၊ ဧရာမင်းဆန်အသစ် ၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ် ၅၀၀၀၊ ဧရာမင်းစပါးအဟောင်းတင်း ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀၊ ဧရာမင်းဆန်အဟောင်း ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၀၀၀၀၊ မနောသုခစပါးအသစ်တင်း ၁၀၀ လျှင် ကျပ် ၅၀၀၀၀၊ မနောသုခဆန်အသစ် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၊ မနောသုခစပါးအဟောင်းတင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၊ မနောသုခအဟောင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၅၀၀၀ တို့ ကွာဟမှုရှိကြောင်း၊ ပေါ်ဆန်း စပါး/ဆန်ဈေးနှုန်းများ ကွာဟမှုမရှိကြောင်း မုံရွာမြို့ရှိ ဆန်စက်ပိုင်တစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)