အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲစင်းငုံ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ မတ်လ ပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

  ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်တွင် ဒီဇင်ဘာလ နောက်ဆုံးပတ်မှစတင်၍ ပဲစင်းငုံများ စတင်အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လ ပထမပတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မတ်လ ပထမပတ်၌ ပဲစင်းငုံတစ်တင်းလျှင် (၆၇၆၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀) တင်း/(၂၉) တန်ဖြစ်ကြောင်း၊ ပဲစင်းငုံအနေဖြင့် ယခင်နှစ်ကာလတူတွင် ဖေဖော်ဝါရီလ တတိယပတ်အထိသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လတွင် အရောင်းအဝယ်ဖြစ်မှုမရှိတော့ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ပဲစင်းငုံတစ်တင်း၏ ယခင်အပတ်ပေါက်ဈေးမှာ (၆၅၆၀ဝိ/-) ကျပ်ရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး တောင်သူများလက်ဝယ်တွင်လည်း လက်ကျန်နည်းပါးနေပြီဖြစ်၍ နယ်ဝင်ကုန် မရှိသလောက်ဖြစ်နေကြောင်း၊ ဝင်ရောက်လာသော ပဲစင်းငုံများကို အနည်းငယ်သာထိန်း၍ သိုလှောင်ကြပြီး  ဝယ်ယူရသည့်ဈေးနှင့် ရောင်းဈေးကိုက်ပါက ပြန်လည်ရောင်းချကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)