(၁/၂၀၂၃)ကြိမ်မြောက်၊ ရခိုင်ပြည်နယ် စားသုံးသူရေးရာကော်မတီအစည်းအဝေးကို ၂၀၂၃ ခုနှစ် မတ်လ (၇) ရက်၊ ညနေ (၅:၀၀) နာရီအချိန်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ရခိုင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ဇော်ထွန်း က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလ မှ ဖေဖော်ဝါရီလ) အထိ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်မှုအခြေအနေ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမ (၃) လပတ်အတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများ လျာထားချက်ပြည့်မီအောင်ဆောင်ရွက်မည့်အစီအစဉ်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်းဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးစားပေးဆောင်ရွက်မည့် ကုန်စည်အမျိုးအစား (၁၀)မျိုး စာရင်းအားရွေးချယ်သတ်မှတ်ပေးနိုင်ရေး၊ Parbisure အမည်ဖြင့် FDA ထောက်ခံချက်မပါသည့် ဆေးဝါးအားဈေးကွက်အတွင်းတွေ့ရှိပါက အရေးယူဆောင်ရွက်နိုင်ရေး စသည်တို့အား အမှာစာများဖြင့် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ရာတက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက အမှာစာများအား အတည်ပြုမှတ်တမ်းတင်ပြီး လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြ၍ အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြပါသည်။ ထို့နောက် ကော်မတီဥက္ကဋ္ဌ က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ညနေ (၆:၀၀) နာရီအချိန်တွင်ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် (၆) ဦး၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်း (၅) ဦး၊ စုစုပေါင်း (၁၁) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရခိုင်)