ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဦးစီးမှူးရုံးမှ ဦးပိုးဖြူပိုင်မင်းနှင့်ဝန်ထမ်းများသည် ပန်းတနော်မြို့ပေါ်ရှိ ငါးလုပ်ငန်းရှင်(၅)ဦးအား (၇.၃.၂၀၂၃) ရက်နေ့ နံနက်(၁၀:၀၀)နာရီချိန်တွင် ပန်းတနော်မြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြပါသည်။
ဟောပြောဆွေးနွေးရာတွင် ပန်းတနော်ငါးလုပ်ငန်းရှင်များအား တွေ့ဆုံ၍ ငါးလုပ်ငန်းရှင်များကို ဈေးကွက်ရရှိမှု၊ မြစ်ချောင်းများမှ ငါးများ ရှာဖွေရရှိမှုနည်းပါးလာမှုနှင့်ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုများကို လေးစားလိုက်နာပြီးရန် လိုအပ်ကြောင်းနှင့်ငါးကန်များအကောင်အထည်ဖော်မှု၊ ငါးဒိုင်များအတွက်ဈေးကွက်ရရှိမှုနှင့်အသင်းရေရှည် တည်တံခိုင်မြဲရေးအတွက်လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်မှုအခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်တို့၏လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ စားသုံးသူတို့၏အခွင့်အရေးများနှင့်စီးပွားရေးလုပ်ငန်းရှင်နှင့်စားသုံးသူတို့အကြား နစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားလာမှုနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ပေးရသည့်ကိစ္စရပ်များအကြောင်း၊စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်မည့်လိပ်စာများအားရှင်းလင်းပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ပြစ်မှု၊ပြဏ်ဒဏ်များအကြောင်းကို အကျယ်တဝင့်ဟောပြော ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)