အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ) (၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၁.၃.၂၀၂၃)ရက်နေ့တွင် ကျပ်(၂၅၀၀၀၀)၊ ယခုအပတ် (၇.၃.၂၀၂၃) ရက်နေ့တွင်လည်း ကျပ် (၂၅၀၀၀၀)၊ နှမ်းနီ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၂၅၀၀၀၀)၊ ယခုအပတ်တွင်လည်း ကျပ်(၂၅၀၀၀၀)၊ နှမ်းပြာ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၃၀၀၀၀)၊ယခုအပတ်တွင် လည်း ကျပ်(၂၃၀၀၀၀)၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၆၀၀၀၀) ယခုအပတ်တွင် လည်း ကျပ်(၂၆၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမဏအနေဖြင့် (၄၅) ပိဿာ ဝင်အိတ်ဖြင့် နှမ်းနက်(စမုံ) (၅၃၀)အိတ်၊ နှမ်းပြာ(၁၇၀)အိတ်၊ နှမ်းဖြူ (၇၅)အိတ်နှင့် နှမ်းနီ (၉၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှသိရှိရပါသည်။
ပဲမျိုးစုံဈေးကွက်တွင် (၂၀)ပိဿာ(၁)တင်းလျှင် ပဲတီစိမ်းမှာ ယခင်အပတ်တွင် ကျပ် (၅၈၀၀၀)၊ယခုအပတ်တွင်လည်း ကျပ်(၅၈၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိပါကြောင်း၊ ပဲစဉ်းငုံ(နီ) (၁) တင်းလျှင် ယခင်အပတ်တွင် ကျပ်(၆၉၅၀၀)၊ ယခုအပတ်တွင် ကျပ်(၆၉၀၀၀) ဖြစ်၍ ကျပ် (၅၀၀) ဈေးလျော့ခဲ့ကြောင်း၊ မတ်ပဲ(၁) တင်းလျှင် ယခင်အပတ်တွင် ကျပ်(၆၀၅၀၀) ယခုအပတ် တွင် ကျပ်(၅၉၅၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးလျော့ခဲ့ကြောင်း၊ ဘိုကိတ်ပြာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၄၆၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၅၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) စသည့်ဖြင့် အသီးသီးဈေးလျော့ခဲ့ပါသည်။ ကုလားပဲ(HL)(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ် (၆၆၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၇၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၆၆၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၇၀၀၀)ဖြစ်၍ ကျပ်(၅၀၀) ဈေးမြှင့်တင်ခဲ့ပါကြောင်း၊ ပဲကြီး(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ် (၇၆၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၈၀၅၀၀)ဖြစ်၍ ကျပ်(၄၅၀၀)အသီးသီးဈေးမြှင့်ကာအရောင်းအဝယ်ပမာဏမှာ (၃၀) ပိဿာ ဝင်အိတ်ဖြင့် ပဲတီစိမ်း(၃၆၀) အိတ်၊ ပဲစဉ်းငုံ(နီ) (၁၃၀၀) အိတ်၊ မတ်ပဲ(၁၈၀) အိတ်၊ ကုလားပဲ(HL) (၈၀၀) အိတ်၊ ကုလားပဲ(မြကြေး) (၉၀၀)အိတ်၊ ဘိုကိတ်ပြာ(၁၃၀)အိတ်နှင့် ပဲကြီး(၈၀၀)အိတ်တို့ အရောင်းအဝယ် ရှိခဲ့ကြောင်း သိရှိရပါသည်။
မြေပဲလုံးဆံ(နီ)မှာ တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၇၃၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၂၀၀)ဖြစ်၍ ကျပ်(၁၀၀)ဈေးလျော့ခဲ့ကြောင်း၊ မြေပဲလုံးဆံ(ဖြူ) ယခင်အပတ်တွင် ကျပ်(၆၁၅၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၁၀၀)ဖြစ်၍ ကျပ်(၅၀)အသီးသီးဈေးလျော့ခဲ့ပါသည်။ မြေပဲတောင့်အစိုမှာ တစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၂၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၂၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့်မြေပဲလုံးဆံ(နီ) (၃၀)ပိဿာဝင် အိတ်(၂၅၀)၊ မြေပဲလုံးဆံ (ဖြူ) အိတ်(၇၅၀)နှင့် မြေပဲတောင့်အစို တင်း(၃၆၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။
ဝါသီးနှံဈေးကွက်မှာလည်း (၁)ပိဿာလျှင် ယခင်အပတ်တွင်ကျပ်(၃၂၀၀)ဖြစ်ပြီး ယခုအပတ် တွင်လည်း ကျပ်(၃၂၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဝါပိဿာချိန်(၂၁၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း၊ ဘိုကိတ်ပြာကို ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး အခြားပဲမျိုးစုံသီးနှံနှင့် ဝါ၊ နှမ်းသီးနှံတို့ကို မန္တလေးမြို့သို့တင်ပို့ရောင်းချလျက်ရှိပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(မကွေး)