မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ဆန်စပါးအများဆုံး စိုက်ပျိုးထွက်ရှိရာဒေသလည်းဖြစ်ပါသည်။မိုးစပါး၊နွေစပါး စုစုပေါင်း(၁)နှစ်ပျှမ်းမျှ စပါးစိုက်ဧက(၉၀၀၀၀)ကျော်စိုက်ပျိုးထွက်ရှိပါသည်။ယခုနှစ်မိုးစပါးစိုက်ဧက (၄၈၃၈၅)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ဧကအားလုံးရိတ်သိမ်းပြီးဖြစ်ရာ အထွက်နှုန်းအနေဖြင့် (၉၀.၂၇)တင်း၊ အထွက်စုစုပေါင်း(၄၃၆၇၉၃၉)တင်းထွက်ရှိခဲ့ကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရပြီး နွေစပါးအား လာမည့်ဧပြီလတွင် စတင်စိုက်ပျိုးနိုင်မည်ဖြစ်ပါသည်။ စပါးမျိုးအနေဖြင့် မဂျမ်းတော၊ မနောသုခ၊ ရက်(၁၁၀) ၊ရက်(၉၀)မျိုးများကို စိုက်ပျိုးကြပါသည် ။ မိုးစပါးထွက်ပေါ်ချိန်တွင် စပါး ၊ ဆန်စျေးကွက်အနေဖြင့် (၄၆)ပေါင်ကိုက်စပါးတင်း(၁၀၀)လျှင် မဂျမ်းတောစပါး (၁၂၅၀၀၀၀/-)ကျပ်၊ မနောသုခစပါး(၁၂၀၀၀၀၀/-)ကျပ်၊ ရက်(၉၀)စပါး(၁၁၀၀၀၀၀/-)ကျပ်၊ ရက်(၁၁၀)စပါး (၁၁၀၀၀၀၀/-) ကျပ်၊ဆန်(၂၄)ပြည်တစ်အိတ်လျှင် မဂျမ်းတောဆန်(၄၆၀၀၀/-)ကျပ်၊မနောသုခဆန် (၄၃၀၀၀/-)ကျပ်၊ ရက်(၉၀)ဆန် (၄၀၀၀၀/-)ကျပ်၊ရက်(၁၁၀)ဆန် (၄၀၀၀၀/-)ကျပ်စျေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ရာ မှဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ဆန်၊စပါးစျေးနှုန်းများမှာ မြင့်တက်လျက်ရှိပါသည်။မဂျမ်းတော စပါးတင်း(၁၀၀)လျှင် (၁၈၀၀၀၀၀/-)ကျပ် ၊ မနောသုခစပါး တင်း(၁၀၀)လျှင် (၁၆၀၀၀၀၀/-)ကျပ် ၊ ရက်(၉၀)စပါးတင်း(၁၀၀)လျှင် (၁၃၀၀၀၀၀/-)ကျပ်၊ရက်(၁၁၀)စပါး တင်း(၁၀၀)လျှင် (၁၃၀၀၀၀၀/-)ကျပ်၊ ဆန်(၂၄)ပြည် တစ်အိတ်လျှင် မဂျမ်းတောဆန် (၆၈၀၀၀/-)ကျပ် ၊ မနောသုခဆန် (၅၈၀၀၀/-)ကျပ် ၊ ရက်(၉၀)ဆန် (၄၇၀၀၀/-)ကျပ် ၊ ရက်(၁၁၀)ဆန် (၄၇၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း စက်ပိုင်၊ကုန်သည်၊ပွဲစားများထံမှ သိရှိရပါသည်။
DOCA(မန္တလေး)