၂၀၂၃ခုနှစ်၊ မတ်လ ပထမပတ်အတွင်း နေပြည်တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း(ဆန်)းတစ်ပြည်လျှင် ၃၈၀၀ကျပ်၊ ဧည့်မထ(ဆန်)တစ်ပြည်လျှင် ၂၅၀၀ကျပ်၊ မနောသုခ(ဆန်)တစ်ပြည်လျှင် ၂၃၅၀ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားဖိုဆောင်သီးနှံများအနေဖြင့် ကြက်သွန်နီလက်လီဈေးမှာ အကြီးတစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၁၈၀၀ကျပ်၊ အသေးတစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ ကြက်သွန်ဖြူလက်လီဈေးမှာ (ကြူကုတ်)တစ်ပိဿာလျှင် ၃၈၀၀ကျပ်မှ ၄၅၀၀ကျပ်အထိ၊ (ရှမ်း)တစ်ပိဿာ ၄၁၀၀ကျပ်မှ ၄၆၀၀ကျပ်အထိ၊ ငရုတ်သီးခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာလျှင် ၁၁၅၀၀ကျပ်မှ ၁၆၀၀၀ကျပ်အထိ၊ (အပု)တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၈၅၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၂၀၀ကျပ်မှ ၂၈၀၀ကျပ်အထိ၊ ခရမ်းချဥ်သီးတစ်ပိဿာလျှင် ၁၀၀၀ကျပ်မှ ၁၈၀၀ကျပ်အထိ စသည်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ကြက်ဥလက်လီဈေးမှာ တစ်လုံးလျှင် ၂၁၀ကျပ်မှ ၂၄၀ကျပ်အထိဖြစ်ပါသည်။ နေပြည်တော်ကောင်စီနယ်မြေ၏ အသား/ငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာလျှင် ၇၆၀၀ကျပ်မှ ၁၀၀၀၀ ကျပ်အထိ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် ၁၁၅၀၀ကျပ်မှ ၁၅၀၀၀ကျပ်အထိ၊ ဝက်သားတစ်ပိဿာလျှင် ၁၁၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်အထိ၊ အမဲသားတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်အထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၆၈၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိ၊ ငါးကြင်းတစ်ပိဿာလျှင် ၁၀၅၀၀ကျပ်မှ ၁၅၀၀၀ကျပ်အထိ ရောင်းဝယ်နေကြကြောင်း သိရှိရပါသည်။
စားသုံးဆီဈေးနှုန်များမှာ ပဲဆီတစ်ပိဿာလျှင် ၁၄၅၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၇၂၀၀ကျပ်နှင့် နှမ်းဆီတစ်ပိဿာလျှင် ၁၃၅၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြကြောင်း သိရှိရပါသည်။