ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်း ဆောင်းသီးနှံစိုက်ပျိုးသည့်တောင်သူများသည် ဆီထွက်သီးနှံအဖြစ် မြေပဲ၊ ဆီမုံညင်းနှင့် နှမ်းများကိုသာ အဓိကစိုက်ပျိုးကြပြီး ၂၀၂၁-၂၀၂၂ (၆) လ ဘဏ္ဍာနှစ်တွင် ဆောင်းနေကြာသီးနှံများကို မြောက်ဦးမြို့နယ်တွင် ၅ဧက၊ မင်းပြားမြို့နယ်တွင် ၁၈ဧကနှင့် ကျောက်တော်မြို့နယ်တွင် ၅ဧက၊ စုစုပေါင်း ၂၈ဧကအား တောင်သူများက စမ်းသပ်စိုက်ပျိုးခဲ့ရာ တစ်ဧကလျှင် အထွက်နှုန်းမှာ (၂၆.၁၈) တင်းထွက်ရှိခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရှိရပါသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြောက်ဦးခရိုင်အတွင်း ဆောင်းသီးနှံစိုက်ပျိုးတောင်သူများသည် ဆီထွက်သီးနှံအဖြစ် ဆင်းနေကြာ-၂ မျိုးစေ့ကို နိုဝင်ဘာလမှစတင်၍ မြောက်ဦးမြို့နယ်တွင် ၁၆၃ဧက၊ မင်းပြားမြို့နယ်တွင် ၁၀၀ဧက၊ ကျောက်တော်မြို့ ၆၈ဧက၊ မြေပုံမြို့နယ်တွင် ၉၆ဧက စုစုပေါင်း ၄၂၇ဧကအား တိုးချဲ့စိုက်ပျိုးလာကြပါသည်။ မြောက်ဦးခရိုင်သည် ဆီဖူလုံမှုအားနည်းသောခရိုင်ဖြစ်သောကြောင့် စားသုံးသူပြည်သူများမှာ စားသုံးဆီများကို အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ဝယ်ယူစားသုံးရပါသည်။ ဆောင်းသီးနှံအဖြစ် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးလာခြင်းကြောင့် မြောက်ဦးခရိုင်အတွင်းရှိ တောင်သူများဝင်ငွေတိုးပွားလာပြီး ဒေသတွင်း ဆီဖူလုံမှုရာနှုန်းတိုးလာမည်ဖြစ်ပြီး နောက်လာမည့်နှစ်များတွင် ဆောင်းသီးနှံစိုက်ပျိုးတောင်သူများသည် နေကြာသီးနှံများကို ယခုနှစ်ထက်ပိုမိုတိုးချဲ့စိုက်ပျိုးလာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရခိုင်)