အလှကုန်ပစ္စည်းအရောင်းဆိုင်များ၊ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊  ကချင်ပြည်နယ် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများအတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို အစဉ်တစိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ကချင်ပြည်နယ်ဦးစီးမှူးရုံးမှဦးဇေယျာအောင် (ဦးစီးအရာရှိ)နှင့် မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်)တို့သည် ၈.၃.၂၀၂၃ ရက်နေ့၊(၁၀:၀၀)နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များ၊ ဆေးနှင့် ဆေးပစ္စည်းလက်လီလက်ကား ဖြန့်ဖြူးရောင်းချသော ဆေးဆိုင်များသို့ သွားရောက်ပြီး  ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံမှုရှိ/မရှိနှင့် FDAထောက်ခံချက်မပါရှိသော တရားမဝင်ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် FDAထောက်ခံချက်မပါရှိသော တရားမဝင် ကုန်ပစ္စည်းများရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)