ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင် (၁၄)ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိရာ စက်သုံးဆီဈေးနှုန်းများသည် ယခင်အပတ်များထက် မြင့်တက်လျက်ရှိပါကြောင်း တွေ့ရပါသည်။ စက်သုံးဆီလက်လီဈေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ မတ်လပထမပတ်အတွင်း ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၂၇၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၃၅၅) ကျပ်၊ ဓာတ်ဆီ(92)တစ်လီတာလျှင် (၂၁၉၀) ကျပ်၊ဓာတ်ဆီ(95) တစ်လီတာလျှင် (၂၂၆၅) ကျပ်တို့ဖြင့် ရောင်းချခဲ့ပါကြောင်း၊ ယခုမတ်လ ဒုတိယပတ်အတွင်း ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၃၅၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၄၃၀) ကျပ်၊ ဓာတ်ဆီ(92)တစ်လီတာလျှင် (၂၃၀၀) ကျပ်၊ဓာတ်ဆီ(95) တစ်လီတာလျှင် (၂၃၇၅) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါကြောင်း၊ ယခုမတ်ဒုတိယပတ်နှင့် ယခင်မတ်လပထမပတ်အတွင်း ဖြစ်ပေါ်နေသောစက်သုံးဆီဈေးနှုန်းများအား နှိုင်းယှဉ်ကြည့်လျှင် ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်)တစ်လီတာလျှင် (၇၅) ကျပ်၊ ဓာါတ်ဆီ(92)တစ်လီတာလျှင် (၁၁၀) ကျပ်နှင့် ဓာတ်ဆီ(95)တစ်လီတာလျှင် (၁၁၀) ကျပ်အထိ ဈေးနှုန်းများမြင့်တက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)