“မိတ္ထီလာခရိုင်အတွင်းရှိ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စေရေး တွေ့ဆုံဆွေးနွေးခြင်း”

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာခရိုင်၊ စက်ကြီးဆည်မြောင်း၊(၁၄)လမ်း၊ ဝန်ဇင်းရပ်၊ မိတ္ထီလာမြို့၌ “တောင်ဇလပ်” အမှတ်တံဆိပ်ဆပ်ပြာလုပ်ငန်းတို့တွင် ထုတ်လုပ်ရောင်း ချနေသောလုပ်ငန်းရှင်သည် ၎င်းတို့၏အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်း အမှတ်အသားများတွင် စားသုံးသူကာကွယ်‌ရေးဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါရန်၂၀၂၃ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   အဆိုပါတွေ့ဆုံမှုအရ “တောင်ဇလပ်” အမှတ်တံဆိပ်ဆပ်ပြာလုပ်ငန်းတွင်ဆပ်ပြာခဲ အမျိုးအစား (၂၃)မျိုး ၊ သဘာဝခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာရည်၊ ဆံကေသာအားဖြည့်ပေါင်းဆီ၊ အဝတ်လျှော်ပန်းကန်ဆေးဆပ်ပြာ၊ Scrub စသည့် ကုန်စည်များကို မိသားစုထုတ်လုပ်ပါကြောင်းနှင့် မိတ္ထီလာမြို့အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်း သိရှိရပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးမှ လူသုံးကုန်ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်အမျိုးစားအလိုက် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာ(၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ သို့မဟုတ် မြန်မာဘာသာနှင့်အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဌာနသို့စိစစ်ဆောင်ရွက်ပေးပါရန် တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)