မိတ္ထီလာမြို့၊ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

     ၂၀၂၃ခုနှစ်၊ မတ်လ(၇)ရက်နေ့၊ နံနက် (၀၉း၀၀)အချိန်တွင် မိတ္ထီလာမြို့ ၊အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် သီးနှံအခြေခံစားသောက်ကုန်သင်တန်းတွင် သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသား /သူများစုစုပေါင်း (၂၈)ဦး တက်ရောက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြို့ရီ (ဦးစီးအရာရှိ)က စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ကာ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများ ညှိနှိုင်းဖြေရှင်းမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသော ကုန်စည်များနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရိုးရှင်းမှန်ကန်စွာဖော်ပြရန် တာဝန်ရှိပါကြောင်း လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သောကုန်စည်များပေါ်တွင် ဥပဒေပါကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို  လိုက်နာခြင်းမရှိပါက ပြစ်မှုပြစ်ဒဏ်များဖြင့်  အရေးယူဆောင်ရွက်နိုင်ပါကြောင်း ၊မိမိထုတ်ကုန်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် အခက်အခဲရှိပါက ဌာနသို့လာရောက်မေးမြန်းနိုင်ပါကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာ တွင်  မိမိတို့ကိုယ်တိုင်စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ပါကြောင်းတို့ကို ဆွေးနွေးပြောကြားကာ  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပြီးနောက် ဟောပြောပွဲကို နံနက်(၀၉:၁၅)အချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)