မိတ္ထီလာစျေးကွက်သို့ ဆန်သစ်များ အဝင်လှိုင်လာသော်လည်း ဆန်ဟောင်းများ စျေးငြိမ်လျက်ရှိပါသည်။ မိတ္ထီလာခရိုင်တွင် မိုးစပါးကိုအများဆုံးစိုက်ရာ စိုက်ပျိုးရာတွင်လည်း ဒေသရာသီဥတုနှင့် လျော်ညီကာစျေးကွက်ဝင်သည့် မနောသုခကိုသာ အများဆုံးစိုက်ပျိုးကြပါသည်။ ယခုအခါ ကျောက်ဆည်၊ မြစ်သားမျိုးဖြစ်သည့် ဧရာပဒေသာမှာ စျေးကောင်းရသဖြင့် ဝမ်းတွင်းမြို့နယ်တွင် ၎င်းမျိုးကို စိုက်ပျိုးမှုများပြားလာပါသည်။
မိတ္ထီလာစျေးကွက်သို့ ဆန်သစ်များမှာ ဇန်နဝါရီလမှစ၍ ဝင်ရောက်လာပြီး ယခုအခါအဝင်လှိုင်လာခြင်းကြောင့် လှောင်လက်သမားများဝယ်ယူမှုများပြားပါကြောင်း၊ မတ်လဆန်းရှိဆန်စျေးမှာ မိတ္ထီလာစျေးကွက်တွင် တစ်အိတ်လျှင် မနောသုခ (ဟောင်း) တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်၊ အနောသုခ (သစ်) တစ်အိတ်လျှင် ၅၈၀၀၀ ကျပ်၊ ဧရာပဒေသာ (ဟောင်း) တစ်အိတ်လျှင် ၇၈၀၀၀ ကျပ်၊ ဧရာပဒေသာ တစ်အိတ်လျှင် (သစ်) ၇၀၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (ဟောင်း) တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (ဟောင်း) တစ်အိတ်လျှင် ၉၅၀၀၀ကျပ် ၊ ရွှေဘိုပေါ်ဆန်း (သစ်) တစ်အိတ်လျှင် ၈၀၀၀၀ကျပ်ဖြင့် ယခင် ဖေဖော်ဝါရီလလယ် စျေးဖြင့် စျေးငြိမ်နေပါကြောင်း၊ စျေးငြိမ်နေရခြင်းမှာ ဆန်သစ်များ အဝင်လှိုင်သကဲ့သို့ စျေးကွက်အတွင်း ဆန်လက်ကျန်များလည်းရှိနေခြင်းကြောင့် ဖြစ်ပါကြောင်းနှင့် စပါးစျေးမှာလည်း ယခင်ဖေဖော်ဝါရီလ တတိယပတ်နည်းတူ မနောသုခ တင်း (၁၀၀) လျှင် ၁၇၀၀၀၀၀ ကျပ်၊ ဧရာပဒေသာ တင်း (၁၀၀) လျှင် ၁၈၀၀၀၀၀ ကျပ် စျေးဖြင့် စျေးငြိမ်နေကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)