ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ်ရှိ စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိူးစီးပွားကာကွယ်ရန်အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် မတ်လ(၈)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီ အချိန်တွင် ကန့်ဘလူခရိုင်ဦးစီးမှူး၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်နှင့် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းတို့သည်     ကန့်ဘလူမြို့နယ် ပေကုန်း(တ) ကျေးရွာရှိ “တိုးတက်ညီနောင်” စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်နှင့် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ စက်သုံးဆီပြတ်လပ်မှု ရှိ/မရှိ၊ (PPRD) စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/ မရှိနှင့် အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်မှု ရှိ/မရှိတို့ကို  စစ်ဆေးရာ သတ်မှတ် ရည်ညွှန်း ဈေးနှုန်း အတိုင်း ရောင်းချလျက်ရှိပြီး၊ အချိန်အတွယ်မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။  စက်သုံးဆီလုပ်ငန်းရှင်အနေဖြင့် တရားမဝင် စက်သုံးဆီ၊ ချောဆီများ တင်သွင်းဖြန့်ဖြုးရောင်းချနေခြင်း စိစစ်တွေ့ရှိရပါက အရေးယူခံရမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးနှင့် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးတို့အတွက် သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုဘဲ  ဌာနက ထုတ်ပြန် ထားသော စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)