မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေ

Powered by Drupal

   မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင်၏ ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

        ယခင်နှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

       ယခင်နှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၂၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၈၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

        ယခင်နှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၃၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၃၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၄၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

        ယခင်နှစ် မတ်လ၊ ဒုတိယပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၄၁၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၄၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၃၉၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၂၅၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၂၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၄၀မှ ၅၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

        ယခင်နှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၁၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခန့် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

        ယခင်နှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၈၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် သုံးသောင်းခွဲခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၂၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

      ယခင်နှစ် မတ်လ၊ ဒုတိယပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၆၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၁၉၈၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် သုံးထောင်ကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၄၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

     ယခင်နှစ် မတ်လ၊ ဒုတိယပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၃၃၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် တစ်ပိဿာလျှင် ကျပ် ၇၄၀၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၃၉၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် တစ်ပိဿာလျှင် ကျပ် ၆၃၅၀၊ တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ကျော်မှ လေးထောင်ကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

     ယခင်နှစ် မတ်လ၊ ဒုတိယပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၆၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် တစ်တင်းလျှင် ကျပ် ၉၅၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၅၇၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် တစ်တင်းလျှင် ကျပ် ၁၀၆၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် တစ်တင်းလျှင် ကျပ် ၈၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခန့်မှ ငါးသောင်းခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)