(၈.၃.၂၀၂၃)ရက်နေ့၊ (၀၉:၃၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ အောင်ရတနာဈေး၊ မြို့မဈေးသို့ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးအတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ပြုလုပ်ခဲ့ကြပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မအူပင်မြို့ အမှတ် ၁ရပ်ကွက် နှင့် အမှတ် (၃)ရပ်ကွက်ရှိ အောင်ရတနာဈေး၊ မြို့မဈေးတို့တွင် ရောင်းချနေသော ကုန်မျိုးစုံ၌ ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာပါဝင်ခြင်း ရှိ/မရှိနှင့် မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ သုံးစွဲနိုင်ခြင်းရှိ/မရှိတို့အား လစဉ်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သက်တမ်းလွန်ကုန်စည်များ၊ တားမြစ်ကုန်စည်များ၊ မှတ်ပုံတင်ခြင်းမရှိသော အလှကုန်များ၊ ခွင့်ပြုချက်မပါသော စားသောက်ကုန်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသောကုန်စည်ကိုသာ ရောင်းချရန်ဖြစ်ပါကြောင်းနှင့် လိုက်နာဆောင်ရွက်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့အား ရှင်းလင်းပြောကြားခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်းသိရပါသည်။
DOCA(ဧရာဝတီ)