မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်ဈေးကွက်စုံစမ်းခြင်း

Powered by Drupal

    ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ကြီးကြပ်မှုအောက်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ စားသုံးသူပြည်သူများသို့ နေ့စဉ် ကြက်/ဘဲများကို လက်လီ/လက်ကားရောင်းချပေးလျက်ရှိပါသည်။

    ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၆-၃-၂၀၂၃) ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်သို့သွားရောက်၍ ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်နှင့် ဈေးကွက်းများအား စုံစမ်းခြင်းများပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်းကောင်း၊ အခြားတိုင်းနှင့် ပြည်နယ်များက အရောက်ပို့စနစ်ဖြင့်လည်းကောင်း တင်ပို့ရောင်းချလျက်ရှိပါသည်။

     ထိုသို့ပြန်လည်ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများမှာ အိမ်မွေးကြက် ၁ပိဿာလျှင် (၁၃၀၀၀/၁၄၀၀၀)ကျပ်၊ အသားတိုးကြက် ၁ပိဿာလျှင် (၅၆၀၀/၅၈၀၀) ကျပ်၊ မွေးမြူရေးကြက် (ထီး/မ) ၁ပိဿာလျှင် (၆၅၀၀/၈၅၀၀) ကျပ်၊ ဘဲ ၁ပိဿာလျှင် (၇၅၀၀/၇၆၀၀) ကျပ်၊ ချယ်ရီဘယ်ရီဘဲ ၁ပိဿာလျှင် (၉၀၀၀) ကျပ်တို့ဖြင့် ‌ရောင်းချလျက်ရှိကြောင်းနှင့် တစ်ရက်လျှင် ကုန်ပိဿာချိန် (၇၄၆၀၀) ပိဿာခန့်ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)