စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူးသည် ၂၀၂၃ ခုနှစ် မတ်လ(၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မျှင်ဝါးတောင် ကျေးရွာအုပ်စုရှိ ဝင်္ဂဘာဘုန်းကြီးကျောင်းဓမ္မာရုံ၌ စားသုံးသူပြည်သူ(၅၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       ဟောပြောပွဲတွင် စားသုံးသူ‌‌‌ရေးရာဦးစီးဌာန၊ ဒုခရိုင်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေများ၊ စားသုံးကာကွယ်ရေးဥပဒေပါစားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးဆွေးနွေးပြီးနောက် စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းစသည့်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)