ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် (၆.၃.၂၀၂၃)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင်  မြို့မဈေးအတွင်းရှိ ဈေးတာဝန်ခံရုံး၌ ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်(၁၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်တိကျစွာဖော်ပြနိုင်ရေး ဦးစားပေးဆောင်ရွက်ရန်၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့်လည်း မိမိတို့ ကုန်စည်အပေါ် အာမခံချက်ပေးနိုင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်း၊  စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ လက်ရှိဆောင်ရွက်နေ့သည့် လှုပ်ရှားမှုအခန်းကဏ္ဍများ၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)