ရခိုင်ပြည်နယ် သံတွဲခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်(ဦးစီးအရာရှိ) နှင့် ဝန်ထမ်းများသည် (၆-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရိုင် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သံတွဲမြို့မဈေးသို့ သွားရောက်၍ ဈေးကွက်အတွင်း ဆေးဝါးမှတ်ပုံတင်မရှိသော Parbisure အမည်ရှိ ဆေးဝါးအား ရောင်းချမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
၎င်း Parbisure အမည်ရှိဆေးဝါးသည် ဂျာမနီနိုင်ငံထုတ် Parbisure IV/HV Injection အကြောအားဆေးနှင့်တူ၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ DRC No. မပါရှိသည့် အတွက် စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်းမရှိသည့် ၎င်းဆေးဝါးသည့် သုံးစွဲသူမိဘပြည်သူများအတွက် များစွာထိခိုက်နစ်နာမှုများကြုံတွေ့ရနိုင်၍ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ပြီး ထိုသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ရာတွင် သံတွဲမြို့မဈေးအတွင်းရှိဆေးဆိုင်များတွင်၎င်းဆေးဝါးအားရောင်းချမှုမရှိကြောင်းစိစစ်တွေ့ရှိရသည်။
ဆေးဝါးရောင်းချသည့် လုပ်ငန်းရှင်များအား FDA ထောက်ခံချက်မရှိသော၊ အရည်အသွေး အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ အတုအပသတိပြု မှာယူ ရောင်းချကြရန်၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ရခိုင်)