မန်ကျည်းပင်များကို အခြားစားပင်သီးပင်များကဲ့သို့ ခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိကြသော်လည်း ကန့်ဘလူမြို့နယ်၏ နေရာအနှံ့အပြားတွင် အများအပြားအလေ့ကျပေါက်ရောက်ကြပါသည်။ ယခုအခါ မန်ကျည်းသီးမှည့်များ အရောင်းအဝယ်ဖြစ်လျက်ရှိရာ မန်ကျည်းသီးမှည့်(အစေ့မပါ)အဟောင်းတစ်ပိဿာလျှင် ကျပ်(၄၀၀၀)မှ ကျပ်(၅၀၀၀)ထိရှိပြီး မန်ကျည်းသီးမှည့်(အစေ့မပါ)အသစ်တစ်ပိဿာလျှင် ကျပ်(၃၀၀၀)မှ ကျပ်(၄၅၀၀)ထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ကန့်ဘလူမြို့၊ စည်ပင်သာယာဈေးအတွင်းရှိ မန်ကျည်းသီးလက်လီရောင်းချနေသူ၏ ပြောပြချက်အရ ကန့်ဘလူခရိုင်အတွင်း မန်ကျည်းသီးများဝယ်ယူသည့်ပွဲရုံများမရှိကြောင်း သိရှိရပြီး အစေ့လွတ်မန်ကျည်းသားများကို ဒေသတွင်းအကြော်ဆိုင်များ၊ ပင်လယ်စာဆိုင်များနှင့် အကင်ဆိုင်များမှ အချဉ်ရည်များနှင့် ဆော့စ်များပြုလုပ်ရန်အတွက် ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။
အစေ့လွတ်မန်ကျည်းသားများရောင်းချနိုင်ရန်အတွက် ရရှိလာသောမန်ကျည်းသီးတောင့်အမှည့်များကို အကြောသင်ခြင်း၊ ထုခြင်း၊ အစေ့/အသားခွဲခြင်းများကို မိသားစုအလိုက် လုပ်ကိုင်လျက်ရှိရာ အရင်းမစိုက်ရဘဲ မိသားစုဝင်ငွေများရရှိနေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)